Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဂွမြို့နယ်အတွင်းကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ပေးခြင်းလုပ်ငန်းကွင်းဆင်းဆောင်ရွက်ခြင်း


22 Sep,2023

          ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်‌ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ပေးခြင်း လုပ်ငန်း (RBF) စီမံကိန်းကို ရဟိုင်ကွင်းကျေးရွာတွင် စတင်အကောင်အထည်ဖော် ဆောင်ရွက် လျှက်ရှိရာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်‌ရေးဦးစီးဌာနမှ တာဝန်ရှိဝန်ထမ်းများက သက်မွေး ဝမ်းကျောင်းအဖွဲ့များ၏ ကွမ်းစိုက်ပျိုးထားရှိမှုလုပ်ငန်းများ၊ ဝက်မွေးမြူရေးလုပ်ငန်း များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          အဆိုပါ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ပေးခြင်းလုပ်ငန်း (RBF) စီမံကိန်းတွင် စီမံကိန်းရန်ပုံငွေကျပ်သိန်း (၃၀၀) နှင့် အစုအဖွဲ့များမှ ထည့်ဝင်ငွေ ကျပ်သိန်း (၁၀၀) ၊ စုစုပေါင်း ကျပ်သိန်း (၄၀၀)ဖြင့် ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်း လုပ်ငန်းများဆောင်ရွက် လျှက်ရှိကြောင်းသတင်းရရှိသည်


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm