Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အခြေခံမော်တာစက်ချုပ်သင်တန်းဖွင့်လှစ်ခြင်း


06 Jun,2022

ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အလုပ်အကိုင်အခွင့်အလမ်းနှင့် တစ်ပိုင်တစ်နိုင်လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ရည်ရွယ်ဖွင့်လှစ်သည့် အခြေခံမော်တာစက်ချုပ်သင်တန်း ဖွင့်ပွဲအခမ်းအနားကို (၁.၆.၂၀၂၂) ရက်နေ့ နံနက်(၉:၃၀)နာရီတွင် ရဲမွန်ကျေးရွာ၌ ကျင်းပခဲ့ပါသည်။

          သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြောက်ပိုင်းခရိုင််ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဘသိန်း၊ လှည်းကူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဒေါ်သန္တာစိုး၊ လှည်းကူးမြို့နယ်သမဝါယမဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သန္တာစိုး၊ သင်တန်း နည်းပြဆရာမ ဒေါ်စုစုချော၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖတို့ တက်ရောက်ခဲ့ကြပါသည်။

          အဆိုပါသင်တန်းတွင် ရဲမွန်ကျေးရွာအုပ်စုနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ သင်တန်းသား၊ သင်တန်းသူ (၂၀)ဦးအား မော်တာစက်ဖြင့် အခြေခံစက်ချုပ်နည်းအဆင့်ဆင့်ကို စာတွေ့လက်တွေ့ (၁)လကြာ သင်ကြားပေးမည်ဖြစ်ပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm