အောင်လံ စက်တင်ဘာ ၂၅
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်အတွင်းရှိ ကျေးရွာခုနှစ်၌ VDP စီမံကိန်းရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အောင်လံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။
၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်တွင် အောင်လံမြို့နယ်ရှိ ကလုံမှော်ကျေးရွာ၊ ကြို့ပင်ကျေးရွာ၊ ဂုံတောကျေးရွာ၊ ဆည်အိုး(တဲတိုက်)ကျေးရွာ၊ ဇောင်းလျားကျင်းကျေးရွာ၊ ရေနံကြီးကျေးရွာနှင့် သပြေပင်ကျေးရွာတို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက် သွားမည်ဖြစ်ပြီး စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်း၊ ကျေးရွာစီမံကိန်းကော်မတီဖွဲ့စည်းခြင်းနှင့် စီမံကိန်းလုပ်ငန်းရွေးချယ်ခြင်းများကို ၂၀၂၃ခုနှစ် စက်တင်ဘာလ တတိယအပတ်တွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
“ယခု ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေးနှစ်မှာ အောင်လံမြို့နယ်အတွင်းရှိ ကလုံမှော်ကျေးရွာ၊ ကြို့ပင်ကျေးရွာ၊ ဂုံတောကျေးရွာ၊ ဆည်အိုး(တဲတိုက်)ကျေးရွာ၊ ဇောင်းလျားကျင်းကျေးရွာ၊ ရေနံကြီးကျေးရွာနှင့် သပြေပင်ကျေးရွာတို့မှ VDP စီမံကိန်းရန်ပုံငွေနဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ စီမံကိန်းအကြောင်းမိတ်ဆက်ရှင်းလင်းခြင်း၊ ကျေးရွာကော်မတီဖွဲ့စည်းခြင်းနှင့် စီမံကိန်းလုပ်ငန်းရွေးချယ်ခြင်းတွေကို ဆောင်ရွက်ပြီးစီးနေပြီဖြစ်ပါတယ်။”ဟု အောင်လံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီမှူး ဒေါ်ထားထားရီက ပြောသည်။
အောင်လံမြို့နယ် ကလုံမှော်ကျေးရွာ၊ ကြို့ပင်ကျေးရွာ၊ ဂုံတောကျေးရွာ၊ ဆည်အိုး(တဲတိုက်)ကျေးရွာ၊ ဇောင်းလျားကျင်းကျေးရွာ၊ ရေနံကြီးကျေးရွာနှင့် သပြေပင်ကျေးရွာတို့၌ ကျေးရွာတစ်ရွာလျှင် စီမံကိန်းရန်ပုံငွေ ကျပ်သိန်း ၁၅၀နှင့် ကျေးရွာပြည်သူထည့်ဝင်ငွေ၊ လုပ်အားတို့ပေါင်းစပ်ကာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နည်းပညာပံ့ပိုးမှုတို့ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
“VDP စီမံကိန်းရတဲ့ကျေးရွာတွေက အခြားကျေးရွာတွေနဲ့မတူဘဲ ပိုမိုဖွံ့ဖြိုးလာတာ တွေ့ရတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဒီစီမံကိန်းက ကျေးရွာနေပြည်တွေ ကိုယ်တိုင်ကိုယ်ကျ ပူးပေါင်းဆောင်ရွက်ရတယ်။ အဓိကက ကျေးရွာရဲ့ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးရွာသူ၊ ကျေးရွာသားကိုယ်တိုင် ညီညီညွှတ်ညွှတ်နဲ့ အောင်မြင်အောင်ဆောင်ရွက်ပြီးတော့ ကျေးရွာရဲ့လိုအပ်ချက်တွေကို လာမဲ့နှစ်တွေမှာလည်း နှစ်အလိုက် ရေးဆွဲပြီးဆောင်ရွက်ရတဲ့အတွက် ပိုပြီးတော့ ဖွံ့ဖြိုးတိုးလာတာကို တွေ့မြင်ရပါတယ်”ဟု အောင်လံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီမှူး ဒေါ်ထားထားရီကထပ်မံ ပြောပြသည်။
VDPစီမံကိန်းသည် ပြည်သူကိုယ်တိုင်ကျေးရွာ၏ ပကတိလိုအပ်ချက်များကို ဖော်ထုတ်ပြီး ကဏ္ဍပေါင်းစုံပါဝင်သည့် ဖွံ့ဖြိုးရေးအစီအစဉ် တစ်ရပ်ဖြစ်ကြောင်း အောင်လံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်