Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သဲကုန်းမြို့နယ် ဆန္ဒညီငွေစု၊ ငွေချေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ


22 Sep,2023

သဲကုန်း စက်တင်ဘာ ၂၁

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်ဆန္ဒညီငွေစု၊ ငွေချေးသမဝါယမ အသင်းလီမိတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယနေ့နံနက် ၁၀နာရီက မြို့နယ်သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ သဘာပတိ၊ မြို့နယ်သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးတင်မောင်စန်း က  အသင်းသားများတိုးတက်ရေး၊ အသင်းလုပ်ငန်းဆောင်ရွက်မှုများ ပတ်သတ်၍  အဖွင့်အမှာ စကားပြောကြားပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးရှင်းတမ်းကို  ဦးမြတ်ကျော်က ဖတ်ကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်ဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်သမဝါယမ အသင်းစုမှ အမှုဆောင်များ၊ သမဝါယမအသင်းသားများ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm