Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကော့မှူးမြို့နယ်ဆုံရှမ်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေ ထုတ်ချေး


21 Sep,2023

ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆုံရှမ်းကျေးရွာတွင် မြစိမ်းရောင်စီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ သတ္တမအကြိမ်ထုတ်ချေးခြင်း ကို စက်တင်ဘာလ ၁၉ ရက် နံနက်ပိုင်းက အဆိုပါကျေးရွာခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

          ရှေးဦးစွာ ကော့မှူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ(နည်းပညာ) ဦးကျော်ညီညီထွန်းက မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် ကျေးလက် နေပြည်သူများအတွက် အလုပ်အကိုင်၊အခွင့်အလမ်းများဖန်တီးပေးနိုင်မည်ဖြစ်ပြီး မိသားစုဝင်ငွေ တိုးပွား လာစေကာ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် အကျိုးပြုစေမည်ဖြစ်ကြောင်း ပြောကြားသည်။

          ဆက်လက်၍ ကော့မှူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာ စီမံကိန်းတာဝန်ခံနှင့် ဝန်ထမ်းများက ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့် စည်းကမ်းချက်များ၊ ချေးငွေ အတိုးနှုန်းသတ်မှတ်ချက်၊ပြန်ဆပ်ရမည့် ကာလတို့နှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားကာ မြစိမ်းရောင် ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့များထံ ငွေကျပ် (သိန်း၄၀၀) လွှဲပြောင်း ပေးအပ်သည်။

          ထို့နောက် မြစိမ်းရောင်ကျေးရွာ စီမံကိန်း လုပ်ငန်းအဖွဲ့ဝင်များက ဆုံရှမ်း‌ကျေးရွာ ရှိ စိုက်ပျိုးရေး၊ မွေးမြူရေး ၊အသက်မွေးဝမ်းကျောင်းလုပ်ငန်းလုပ်ကိုင်သူ စုစုပေါင်း အသင်းသား၊အသင်းသူ (၂၀၆ )ဦးကို မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ကျပ်(သိန်း၄၀၀) ထုတ်ချေးပေးခဲ့ကြောင်းသိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm