နတ်မောက် စက်တင်ဘာ ၂၀
မကွေးတိုင်းဒေသကြီး မကွေးခရိုင် နတ်မောက်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက နတ်မောက်-ပျော်ဘွယ် ကားလမ်းမကြီးမှ ရှောက်ပင်ကျေးရွာအဝင်လမ်း ကျောက်ချောခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို စက်တင်ဘာ၁၉ ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အငယ်တန်းအင်ဂျင်နီယာ-၂(မြို့ပြ) ဦးခိုင်မင်းစိုး၊ နတ်မောက်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန အငယ်တန်းအင်ဂျင်နီယာ-၃(မြို့ပြ) ဒေါ်ရွှေစင်ဝင်းသူနှင့် တာဝန်ခံအင်ဂျင်နီယာများက သက်ဆိုင်ရာ ကုမ္ပဏီမှ တာဝန်ရှိသူများနှင့်အတူ နတ်မောက်-ပျော်ဘွယ် ကားလမ်းမကြီးမှ ရှောက်ပင်ကျေးရွာ အဝင်လမ်း ကျောက်ချောခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး အငယ်တန်း အင်ဂျင်နီယာ-၂(မြို့ပြ) ဦးခိုင်မင်းစိုးက လုပ်ငန်းများအချိန်မီပြီးစီးရေး ဆောင်ရွက်ကြရန် မှာကြားသည်။
ရှောက်ပင်ကျေးရွာအဝင်လမ်း အရှည် တစ်မိုင်၊ အကျယ် ၁၆ ပေ၊အမြင့် ကိုးလက်မ ကျောက်ချောခင်းခြင်းလုပ်ငန်းကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် ၈၈ ဒသမ ၅၉၄ သန်းဖြင့် မိုးမခသဇင်ကုမ္ပဏီက ဇွန်လမှ စတင်တာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်းများ ၈၀ ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းပြီးစီးပါက ကျေးရွာရှိအိမ်ခြေ ၁၁ဝ၊ လူ ၆၉၇ ဦးတို့ အတွက် ရာသီမရွေးလမ်းပန်းဆက်သွယ်ရေး အဆင်ပြေ တော့မည်ဖြစ်ကြောင်း သိရသည်။
သန်းလွင်(မကွေး)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်