စေတုတ္တရာ စက်တင်ဘာ ၂ဝ
မကွေးတိုင်းဒေသကြီး စေတုတ္တရာမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂ဝ၂၃-၂ဝ၂၄ ဘဏ္ဍာနှစ်တွင် ငဖဲ-စေတုတ္တရာ မြို့နယ်ချင်းဆက်လမ်းမှ ကျောက်ဖူးကျေးရွာသို့ ဆက်သွယ်သော လမ်းတာချဲ့ခြင်းနှင့် Box Culvert တည်ဆောက်ခြင်းလုပ်ငန်းများကို စက်တင်ဘာ ၁၉ ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စေတုတ္တရာမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးယုလွင်နှင့် ဝန်ထမ်းများက ကျေးလက်လမ်းဖြစ်မြောက်ရေး ကော်မတီဝင်များနှင့်အတူ ငဖဲ-စေတုတ္တရာ မြို့နယ်ချင်းဆက်လမ်းမှ ကျောက်ဖူးကျေးရွာသို့ ဆက်သွယ်သော လမ်းတာချဲ့ခြင်းလုပ်ငန်း၊ Box Culvert တစ်စင်း တည်ဆောက်ခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက ကျေးရွာတာဝန်ရှိသူများ၊ ကျေးရွာကော်မတီဝင်များ၊ တင်ဒါရကုမ္ပဏီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ လုပ်ငန်းများသတ်မှတ် ကာလအတွင်း စံချိန်စံညွှန်းပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေး၊ သတ်မှတ်အတိုင်းအတာ ပြည့်မီရေးဆောင်ရွက်ကြရန် မှာကြားသည်။
စေတုတ္တရာမြို့နယ် ကျောက်ဖူးကျေးရွာ၌ အရှည် တစ်မိုင် ငါးဖာလုံ၊ အကျယ် ၁၈ ပေ၊ အမြင့် ရှစ်ပေရှိသော ငဖဲ-စေတုတ္တရာ မြို့နယ်ချင်းဆက်လမ်းမှ ကျောက်ဖူး ကျေးရွာသို့ ဆက်သွယ်သောလမ်း တာချဲ့ခြင်းနှင့် အရှည် ၂၄ ပေ၊ အကျယ် ငါးပေ၊ အမြင့် ငါးပေရှိသော Box Culvert တစ်စင်းတည်ဆောက်ခြင်းလုပ်ငန်းများကို တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၇၂ ဒသမ ၈ သန်း အသုံးပြုပြီး U-42 Group ကုမ္ပဏီက ဩဂုတ် ၂ဝ ရက်တွင် စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ၂၅ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပါက ကျောက်ဖူးကျေးရွာရှိ အိမ်ခြေ ၄၅ အိမ်၊ လူဦးရေ ၂၀၀ တို့ သွားလာရေး လွယ်ကူစေမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးစိုးယုလွင်က ပြောပြ၍ သိရသည်။
ကိုညို
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်