Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြေပုံမြို့နယ်၊ ပင်ခါးကျေးရွာတွင်း ကျေးရွာဖွံဖြိုးတိုးတက်ရေးစီမံကိန်း(VDP)ဖြင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်မှုအား ကွင်းဆင်းဆောင်ရွက်ခြင်း


22 Sep,2023

          ရခိုင်ပြည်နယ်၊‌ မြေပုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတကျရေးဦးစီးဌာနမှ ၂၀၂၃-၂၀၄ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ရန်ပုံငွေဖြင့် ချောင်ကျ ကျေးရွာအုပ်စု၊ ပင်ခါးကျေးရွာ၌ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား မြေပုံမြို့နယ်ကျေးလက်‌ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ၊ ဦးမောင်လှမြင့် ဦးဆောင်သောအဖွဲ့မှ ၂၁.၉.၂၀၂၃ ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရ သည်။ ထိုသို့ကွင်းဆင်းစစ်‌ဆေးရာတွင် မြေပုံမြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ၊ ဦးမောင်လှမြင့်နှင့် အင်ဂျင်နီယာများအဖွဲ့သည် ပင်ခါးကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင် များနှင့်အတူ လမ်းအရှည် ၆၈၀ ပေ၊ လမ်းအကျယ် ၆ ပေ၊ အမြင့် ၆ လက်မထုဖြင့် ကျေးရွာတွင်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းအား စံချိန်စံညွှန်းနှင့်အညီသတ်မှတ်အချိန်အတွင်း ပြီးစီးအောင်ဆောင်ရွက်နိုင်ရေး အလေးထားဆောင်ရွက်ရန် ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များအား လမ်းညွှန်မှာကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

         အဆိုပါ ပင်ခါးကျေးရွာ၌ ကျေးရွာတွင်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို နိုင်ငံတော်ထောက်ပံ့ငွေကျပ်(၁၅.၀)သန်းနှင့် ကျေးရွာမှ ပြည်သူ ထည်ဝင်လှူဒါန်းငွေကျပ်(၁.၂၈)သန်း စုစုပေါင်းငွေကျပ် (၁၆.၂၈)သန်းဖြင့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ နည်းပညာပံ့ပိုးမှု၊ အနီးကပ်စောင့်ကြည့်ကြီးကြပ်မှုများနှင့် ကျေးရွာသူ ကျေးရွာသားများကိုယ်တိုင် စက်တင်ဘာလ ပထမအပတ်မှစတင်၍ ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် လုပ်ငန်းများ (၅၀) ရာခိုင်နှုန်းကျော်ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါလုပ်ငန်းဆောင်ရွက် ပြီးစီးပါက ကျေးရွာရှိအိမ်ထောင်စု (၆၅)စု၊ လူဦးရေ(၃၅၀)ဦးတို့မှာ လမ်းပန်း ဆက်သွယ်ရေးပိုမို အဆင်ပြေချောမွေ့စွာသွားလာနိုင်မည်သာမက ကျေးလက်နေပြည်သူများ၏ စည်းလုံးညီညွှတ်မှု၊ ငွေကြေးစီမံခန့်ခွဲမှု စွမ်းရည်များ၊ လုပ်ငန်းအပေါ် စီမံနိုင်မှုများ၊ မိမိရပ်ရွာအတွက် ဖွံ့ဖြိုးမှုလိုလားသော ကျေးလက်ဖွံ့ဖြိုးရေး စိတ်ဓါတ်များ ယခင်ထက်တိုးပွားလာမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm