မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာနှစ်တွင် တောင်သာမြို့နယ် ဥသျှစ်ပင်ကျေးရွာ၊ ဇီးပင်ကန်ကျေးရွာနှင့် တမာကုန်း ကျေးရွာတို့၌ ကျေးလက်ကုန်ထုတ်တံတားများ တည်ဆောက်နေမှု အခြေအအနေများကို မြင်းခြံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ကြည်ကြည်မာနှင့် တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းက ကွင်းဆင်းတိုင်းတာခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးတွင် မြင်းခြံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ကြည်ကြည်မာနှင့် တောင်သာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးဇော်မိုးနှင့် တာဝန်ရှိသူများက ကျေးရွာကုန်ထုတ်လမ်းဖြစ်မြောက်ရေးကော်မတီဝင်များနှင့်အတူ ယခုဘဏ္ဍာနှစ်တွင် ဆောင်ရွက်လျက်ရှိသည့် ဥသျှစ်ပင်ကျေးရွာ၊ ဇီးပင်ကန်ကျေးရွာနှင့် တမာကုန်းကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းများပေါ်တွင် ကုန်ထုတ်တံတား Slab Culvert နှင့် Box Culvert များတည်ဆောက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားပါသည်။
အဆိုပါ ဥသျှစ်ပင်ကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းပေါ်တွင် ကုန်ထုတ်တံတားအဖြစ် Slab Culvert တစ်စင်း၊ ဇီးပင်ကန်ကျေးရွာ ကုန်ထုတ်လမ်းပေါ်တွင် Slab Culvert တစ်စင်း တည်ဆောက်ခြင်းနှင့် တမာကုန်းကျေးရွာ ကျေးလက်လမ်းထုတ်လမ်းပေါ်တွင် Box Culvert တစ်စင်းတည်ဆောက်ခြင်းလုပ်ငန်းများကို ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၂၀ ဒသမ ၃၅ သန်းဖြင့် ဌာနမှ အင်ဂျင်နီယာများစုဖွဲ့ပါ ဇူလိုင်လ စတုတ္ထအပတ်က စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးဖြစ်သည်။
ဥသျှစ်ပင်ကျေးရွာ၊ ဇီးပင်ကန်ကျေးရွာနှင့် တမာကုန်းကျေးရွာ ကုန်ထုတ်တံတားများဆောင်ရွက်ပြီးစီးပါက ကျေးရွာသုံးရွာရှိ ဒေသခံတောင်သူများ၏ သီးနှံထွက်ကုန်များ သယ်ယူပို့ဆောင်ရာ၌ လွယ်ကူချောမွေ့အဆင်ပြေသွားမှာဖြစ်ကြောင်း မြင်းခြံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ကြည်ကြည်မာထံမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်