Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မိတ္ထီလာမြို့နယ်၌ VDP စီမံကိန်းနှင့် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေများ လွှဲပြောင်းပေးအပ်ပွဲကျင်းပ


22 Sep,2023

မိတ္ထီလာ စက်တင်ဘာ ၂၂

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက   ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) နှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာများအား စီမံကိန်းရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို   ယနေ့ နံနက်ပိုင်းက အဆိုပါ ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသည်။

ရှေးဦးစွာ မိတ္ထီလာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇော်အောင်လေးက အဖွင့်အမှာစကားပြောကြားပါသည်။

ဆက်လက်၍ မိတ္ထီလာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းက ရန်ပုံငွေလွှဲပြောင်း ပေးအပ်ရခြင်း ရည်ရွယ်ချက်နှင့် စီမံကိန်းလုပ်ငန်းစဉ်များ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ကျေးရွာသူကျေးရွာသားများအနေဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်းပြောကြား ပါသည်။

ထို့နောက် မိတ္ထီလာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာ ၁၀ ရွာအား ကျေးရွာတစ်ရွာလျှင် ငွေကျပ်သိန်း ၁၅၀ စီအားလည်းကောင်း၊ မြစိမ်းရောင် ကျေးရွာစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မည့် တောမကျေးရွာအား ရန်ပုံငွေကျပ်သိန်း ၃၀၀ အားလည်းကောင်း  ကျေးရွာကော်မတီဝင်များ အသီးသီးထံ လွှဲပြောင်းပေးအပ်ကြပါသည်။

အဆိုပါ ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ မိတ္ထီလာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင် အထည်ဖော်ရေး လုပ်ငန်းကော်မတီဝင်များ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာများမှ ကော်မတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm