Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

စလင်းမြို့နယ် ဒေါင့်ဘိုးကျေးရွာ၌ အသက် မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းလက်တွေ့ သင်ကြားနေမှုစစ်ဆေး


22 Sep,2023

စလင်း         စက်တင်ဘာ          ၂၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေအမျိုးသမီးငယ်များ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်အတွက် ဒေါင့်ဘိုးကျေးရွာ၌ အသက်မွေး ဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဖွင့်လက်တွေ့သင်ကြားနေမှုကို တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မင်းဘူးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သက်မွန်၊ စလင်းမြို့နယ်ဦးစီးမှူး ဦးမောင်မောင်သွင်နှင့် တာဝန်ရှိသူများသည် ဒေါင့်ဘိုးကျေးရွာ ၌ ဖွင့်လှစ်လျက်ရှိသည့် အသက်မွေး ဝမ်း ကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဖွင့်လက်တွေ့သင်ကြားနေမှုအခြေ အနေကို ကြည့်ရှုစစ်ဆေးပြီး လက်ထောက်ညွှန်ကြားရေးမှူးက သင်တန်းသူများအား တွေ့ဆုံ၍ အခြေခံစက်ချုပ်ခြင်းဆိုင်ရာ ပညာရပ်များအား သင်တန်းကာလပြီးမြောက်သည်အထိ ကြိုးစားသင်ယူကြစေလိုကြောင်း ဆွေးနွေးမှာကြားသည်။

အဆိုပါသင်တန်းကို စက်တင်ဘာလ ၁ ရက်နေ့မှ ၃၀ ရက်နေ့ထိ တစ်လကြာ စာတွေ့လက်တွေ့ဖြင့် အခမဲ့သင်ကြားပို့ချသွားမည်ဖြစ်ပြီး ဒေါင့်ဘိုးကျေးရွာ၊ ညောင်ပင်လယ်ကျင်းကျေးရွာနှင့် ဒီးဒုတ်ပင်ကျေးရွာတို့မှ သင်တန်းသူ ၃၀ ဦး တက်ရောက်သင်ယူလျက်ရှိကြောင်း စလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm