ချောက် စက်တင်ဘာ ၂၂
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သစ်တောဦးစီးဌာန၊ အပူပိုင်းဒေသစိမ်းလန်းစိုပြေရေးဦးစီးဌာနနှင့် သဘာဝပတ်ပန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ ကြီးနီခေတ်မီစံပြကျေးရွာ၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက အဆိုပါကျေးရွာစုရပ်ဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပထမဦးစွာ ချောက်မြို့နယ် သစ်တောဦးစီး ဌာန တောအုပ် ဦးကြည်လင်က တရားမဝင်သစ်ထုတ်လုပ်မှုလျော့နည်းပပျောက်ရေးဆိုင်ရာအသိပညာများကို ဆွေးနွေးပြောကြားပြီး အပူပိုင်းဒေသစိမ်းလန်းစိုပြေရေးဦးစီးဌာန တောအုပ် ဦးမင်းစိုးက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ထင်းအစားထိုးလောင်စာတိုးမြှင့်သုံးစွဲရေးဆိုင်ရာအသိပညာများကို ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ချောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝတ်ရည်ဦးက ခေတ်မီစံပြကျေးရွာထူထောင်ရေးဆိုင်ရာလုပ်ငန်းစဉ်များနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံများကို ဆွေးနွေးပြောကြားသည်။
အဆိုပါအခမ်းအနားသို့ ကြီးနီခေတ်မီစံပြကျေးရွာရှိ ကျေးရွာသူ/သား ၆၇ ဦး တက်ရောက်ခဲ့ကြောင်း ချောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်