Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပေါက်တောမြို့နယ် ဆင်တက်မော်(ပိုက်ဆိပ်)ကျေးရွာ၌ ကျေးရွာတွင်းလမ်းကွန်ကရစ်ခင်း ကွင်ဆင်းဆောင်ရွက်


21 Sep,2023

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပေါက်တောမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ပေါက်တောမြို့နယ် ဆင်တက်မော် ကျေးရွာအုပ်စု၊  ဆင်တက်မော်(ပိုက်ဆိပ်)  ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းစီမံကိန်း(VDP)ဖြင့်ဆောင်ရွက်သော ကျေးရွာတွင်းလမ်းကွန်ကရစ်ခင်းခြင်းအား နိုင်ငံတော် ထောက်ပံ့ငွေ(၁၂)သန်းနှင့် ပြည်သူထည့်ဝင်ငွေ(၂.၅)သန်းတို့ဖြင့်ကျေးရွာတွင်းလမ်း ကွန်ကရစ်လမ်း အလျား(၄၈၂ပေ)၊ အကျယ်(၁၀ပေ)၊ ထု(၆လက်မ)လုပ်ငန်းကိုဆောင်ရွက်လျှက်ရှိ ကြောင်းသိရသည်။

အဆိုပါ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ကျေးရွာတွင်းလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်  နေမှုအား ပေါက်တောမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဦးသန်းထွန်းနှင့် တာဝန်ခံအင်ဂျင်နီယာတို့ ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးခဲ့ရာ လုပ်ငန်းမှာ (၉၀%)ဆောင်ရွက်ပြီးစီးပြီးဖြစ်ကြောင်းသိရှိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm