မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်ကျေးရွာစီမံကိန်းဆောင်ရွက်လျက်ရှိသည့် ဆည်ကန်ကျေးရွာ၌ စီမံကိန်းကော်မတီဝင်အသစ်ပြန်လည်ဖွဲ့စည်းခြင်းကို တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းက အဆိုပါကျေးရွာဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ပထမဦးစွာ စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်မောင်သွင်က မြစိမ်းရောင်ကျေးရွာစီမံကိန်း၏ ရည်ရွယ်ချက်၊ အကျိုးကျေးဇူးများ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဥပဒေ၊ နည်းဥပဒေပါ ကျေးလက်နေပြည်သူများ၏ တာဝန်နှင့် ရပိုင်ခွင့်များ၊ စီမံကိန်းလက်စွဲပါ ကော်မတီရွေးချယ်ရာတွင် လိုက်နာရန်အချက်များနှင့် ကော်မတီဝင်များ၏ တာဝန်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာကြသောကျေးရွာသူကျေးရွာသားများက မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြရာ မြို့နယ်ဦးစီးမှူးက ပြန်လည်ရှင်းလင်းပြောကြားသည်။
ထို့နောက် စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကျေးရွာသူကျေးရွာသားများ၏ အများသဘောဆန္ဒအရ မြစိမ်းရောင်ကျေးရွာစီမံကိန်းကော်မတီဝင် ၃ ဦးကိုရွေးချယ်ဖွဲ့စည်းပေးခဲ့ကြောင်းသိရသည်။
စလင်းမြို့နယ်၊ ဆည်ကန်ကျေးရွာအုပ်စု၊ ဆည်ကန်ကျေးရွာ၌ ၂၀၁၄-၂၀၁၅ခု ဘဏ္ဍာရေးနှစ်ကစတင်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ငွေကျပ်သိန်းသုံးရာ မတည်ပေးခဲ့ပြီး အဆိုပါစီမံကိန်းမတည်ရန်ပုံငွေများဖြင့် ကျေးရွာသူကျေးရွာသားများ မိသားစုကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိကြောင်း စလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်