Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကြံခင်းမြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လူသုံးကုန်ထုတ်လုပ်နည်းသင်တန်းဆင်း


21 Sep,2023

ကြံခင်း  စက်တင်ဘာ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း ရရှိစေရန်နှင့်  မိသားစုဝင်များတိုးပွားစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လူသုံးကုန်ထုတ်လုပ်နည်း သင်တန်း ဆင်းပွဲအခမ်းအနားကို  စက်တင်ဘာလ ၂၀ ရက်နေ့ ညနေပိုင်းက အဆိုပါ ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြန်အောင်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမောင်တင်အောင်နှင့် ကြံခင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ၊ဦးစိးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည်သိမ်းကျော်တို့က သင်တန်းဆင်းအမှာ စကားပြောကြားကြပါသည်။

ဆက်လက်၍ ကြံခင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးယဉ်မင်းဦးက သင်တန်းသား သင်တန်းသူ များအနေဖြင့် သင်တန်းမှ ပို့ချပေးခဲ့သော ပညာရပ်များကို လက်တွေ့နယ်ပယ်တွင် အသုံးချကြစေလိုကြောင်းနှင့် သင်တန်းကာလ ပြီးမြောက်အောင်တက်ရောက်ခဲ့သည့် သင်တန်းသားများ အားလုံးကို ကျေးဇူးအထူးတင်ကြောင်းပြောကြားပါသည်။

ထို့နောက် မြန်အောင်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမောင်တင်အောင်နှင့် တာဝန်ရှိသူများက သင်တန်း ကာလ ပြည့်မြောက်အောင် တက်ရောက်ခဲ့သည် သင်တန်းသားသင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ကြပါသည်။

အဆိုပါ လူသုံးကုန်ထုတ်လုပ်နည်းသင်တန်းကို ကြံခင်းမြို့နယ်အတွင်းရှိ ကျေးရွာ ၁၄ အုပ်စု၊ ကျေးရွာ ၁၄ ရွာတို့မှ သင်တန်းသားသင်တန်းသူ ၂၅ ဦးကို ဘက်စုံသုံးဆိပ်ပြာ၊ အဝတ်လျှော်ဆပ်ပြာ၊ လက်ဆေးဆပ်ပြာ၊Hand Gel ၊ Hand Spray ၊ မျက်နှာသစ်ဆပ်ပြာခဲ၊ ရေချိုးဆပ်ပြာ၊ အမွှေးဆီ ပြုလုပ်နည်းများအား စက်တင်ဘာလ ၆ ရက်နေ့မှ ၂၀ ရက်နေ့အထိ ၁၅ ရက်ကြာ စာတွေ့လက်တွေ့ဖွင့်လှစ်သင်ကြား ပို့ချပေးခဲ့ကြောင်း ကြံခင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးယဉ်မင်းဦးထံမှ သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm