Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အသင်းသားတောင်သူများသို့ သွင်းအားစုဓာတ်မြေဩဇာများ ဝယ်ယူပံ့ပိုးနိုင်ရေးအတွက် အရင်းမပျောက်မတည်ငွေ ပေးအပ်ခြင်းအခမ်းအနား ကျင်းပ


03 Jun,2022

မုဒုံ၊ ဇွန်  ၃

အသင်းသားတောင်သူများသို့ သွင်းအားစုဓာတ်မြေဩဇာ ဝယ်ယူပံ့ပိုးနိုင်ရန် အရင်း မပျောက်မတည်ငွေများ ပေးအပ်နိုင်ရေးအတွက် မွန်ပြည်နယ်၊ မုဒုံမြို့နယ်သမဝါယမအသင်းစုခန်းမ၌ ယနေ့နံနက်(၀၉း၃၀)နာရီတွင် အရင်းမပျောက်မတည်ငွေပေးအပ်ခြင်းအခမ်းအနားကို ကျင်းပခဲ့သည်။

အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်သမဝါယမ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများ၊ မွန်ပြည်နယ်သမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌ၊ ပြည်နယ်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အသင်းသားတောင်သူများ တက်ရောက်ခဲ့ သည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက အမှာစကားပြောကြားပြီး ပြည်နယ်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးဒေါ်ခင်မာအေးက သွင်းအားစုဓာတ်မြေဩဇာ ပံ့ပိုးပေး မည့်အစီအစဉ်များအား ရှင်းလင်းပြောကြားသည်။ ထို့နောက် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးမျိုးဆွေက ဓာတ်မြေဩဇာပံ့ပိုးငွေများကို ပေးအပ်ရာ အသင်းသားတောင်သူများမှ လက်ခံရယူ သည်။

မွန်ပြည်နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် သမဝါယမအသင်းများမှ အသင်းသားပြည်သူများ လိုအပ်လျက်ရှိသည့် ဓာတ်မြေဩဇာများကို မွန်ပြည်နယ်သမဝါယမဦးစီး ဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေ(ငွေလုံးငွေရင်း)မှ ခွဲဝေချထားပေးသည့် ငွေကျပ် ၄၅ သန်းဖြင့် ပေါင်၊ မုဒုံနှင့် ချောင်ဆုံမြို့နယ်များရှိ အသင်းသားတောင်သူလယ်သမားများ အတွက် စိုက်ပျိုးရာသီအမီ ဓာတ်မြေဩဇာများဝယ်ယူနိုင်ရေး အရင်းမပျောက်မတည်ငွေအဖြစ် ပံ့ပိုးဆောင်ရွက်သွားမည်ဖြစ်ပြီး မုဒုံမြို့နယ် ကော့ခိုက်ကျေးရွာ ကော့ခိုက်စိုက်ပျိုးရေးနှင့် အထွေထွေ စီးပွားရေးလုပ်ငန်းသမဝါယမအသင်းမှ ပန်းများ စိုက်ပျိုးလျက်ရှိသည့် အသင်းသားတောင်သူများ၏ ပန်းစိုက်ပျိုးဧက ၃၇.၅ ဧကအတွက် ငွေကျပ်သိန်း ၁၉၀ အား ထုတ်ပေးခဲ့ပြီး၊ ယခုပံ့ပိုးသည့် ပံ့ပိုးငွေအား အသင်းမှ အရင်းမပျောက်မတည်ငွေအဖြစ် ဆောင်ရွက်မည်ဖြစ်၍ အသင်းသား တောင်သူများမှ ပန်းရာသီအလိုက် ပန်းများထွက်ရှိပါက အသင်းသို့ ဓာတ်မြေဩဇာဝယ်ယူမှု ကုန်ကျစရိတ်များအား ပြန်လည်ပေးသွင်းစေပြီး နောက်တစ်ရာသီအတွက် ထပ်မံ၍ ဓာတ်မြေဩဇာ ဝယ်ယူပံ့ပိုးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း သိရသည်။

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm