Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျောက်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာ(၃) ရွာအား အိမ်သွယ်ရေတိုင်စနစ်ရေပေးရေးလုပ်ငန်း များ လည်ပတ်နေမှုအားကွင်းဆင်းစစ်ဆေးခြင်း


21 Sep,2023

ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် ကျောက်ဖြူမြို့နယ်အတွင်းရှိ သိုင်းချောင်းကျေးရွာ၊ ပြားကျွိန်ကျေးရွာ နှင့်ရှောက်ချောင်းကျေးရွာ (၃)ရွာတို့တွင် ပြည်သူ+ကျေးလက်+ယူနီဆက် ဖြင့်  ပူးပေါင်းဆောင်ရွက်သည့် အိမ်သွယ်ရေတိုင်စနစ် ကျေးလက်ရေပေးရေး လုပ်ငန်းများလည်ပတ်နေမှု အား မြို့နယ်ဦးစီးမှူး ဦးကျော်ဝင်းနိုင် နှင့် ဝန်ထမ်းများမှ  (၁၃.၉.၂၀၂၃) ရက်နေ့ တွင် ကွင်းဆင်း စစ်ဆေးခဲ့ကြပါသည်။                                                                                 

ကျောက်ဖြူမြို့နယ် သိုင်းချောင်းကျေးရွာအုပ်စု အတွင်းရှိ သိုင်းချောင်းကျေးရွာနှင့် ပြားကျွိန် ကျေးရွာတို့အား သိုင်းချောင်းဆည်မှ ဆိုလာရေတင်စနစ်ဖြင့် ရေပိုက်သွယ်ယူကာအဆိုပါ ဆည်တွင်  ရေကန် (၂၀၀၀၀) ဆံ့ရေစုကန် (၁)ကန် တည်ဆောက်ခြင်းလုပ်ငန်း (၂၅ '×၂၀'× ၆')၊ လုပ်သားအင်အား ဆောင်ရွက်ရခြင်းတို့အပြင် ရေမီတာတပ်ဆင်ခြင်း လုပ်ငန်းတို့ပါ ရွာသူ/ရွာသား များမှ ဆောင်ရွက်ခဲ့ကြသည်။  ကပ်သပြေ ကျေးရွာအုပ်စု၊ ရှောက်ချောင်းကျေးရွာတွင်လည်း မြေသားရေကန်မှ ဆိုလာပန့် စနစ်ဖြင့် ကျေးရွာအနီး ရေဂါလံ (၈၅၀၀) ဆံ့ရေစုကန် (၁) ကန် တည်ဆောက်ခြင်းလုပ်ငန်း၊ (၁၅ '×၁၅'× ၆')၊ပိုက်တူးဖော်ခြင်း လုပ်သားအင်အားဆောင်ရွက်ခြင်း၊ ရေမီတာတပ်ဆင်ခြင်းလုပ်ငန်းတို့ဖြစ်သည်။                                                                           အဆိုပါကျေးရွာ (၃) တို့တွင် ယူနီဆက်မှ ဆိုလာပန့် (၃) ဆက် လိုအပ်သောရေပိုက်များကို ထောက်ပံ့ခြင်းနှင့် ကျောက်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အဆိုပါ အိမ်သွယ်ရေတိုင်စနစ် ရေပေးရေးလုပ်ငန်းဖြစ်မြောက်ရေးအတွက်  လိုအပ်သော နည်းပညာများ ထောက်ပံ့ပေးခြင်း ၊ သင်တန်းများဖွင့်လှစ်ပေးခြင်း၊ ကျေးရွာကော်မတီအနေဖြင့် ရေဖိုးရေခများ ကောက်ခံခြင်းလုပ်ငန်းတို့ပါပူးပေါင်းဆောင်ရွက်ပေးပါသည်။၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် ပြည်သူ+ကျေးလက်+ယူနီဆက် တို့ဖြင့် ပူးပေါင်း ဆောင်ရွက် သည့် အိမ်သွယ်ရေတိုင်စနစ် ကျေးလက်ရေ ရရှိရေးလုပ်ငန်းများမှာ ယခုအခါ ပုံမှန်လည် ပတ်လျှက်ရှိပြီးရေဖိုးရေခငွေများဖြင့်ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကိုလည်းကျေးရွာကော်မတီ ဝင်များမှဆောင်ရွက်လျက်ရှိပါသည်။  ရေရှိရေးလုပ်ငန်းဆောင်ရွက်ပေးမှုကြောင့် ၄င်းကျေးရွာ(၃)ရွာ ၏ အကျိုးပြု  အိမ်ခြေ(၄၉၈)အိမ်၊ လူဦးရေ (၂၂၅၆) ဦး တို့မှ သန့်ရှင်းသော သောက်သုံးရေများကို (၂၄)နာရီ လုံး  ဖူလုံစွာရယူသုံးစွဲနေကြပြီဖြစ်ပြီး ကျေးရွာ ရန်ပုံငွေ တစ်ရပ်ထူထောင်နိုင်ပြီး ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက်တဖက်တလမ်းမှအထောက်အကူပြု၍ကျေးလက်နေပြည်သူများ၏ကျန်းမာရေး၊လူမှုရေး၊စီးပွားရေး ဖွံ့ဖြိုးတိုးတက်မြင့်မား လာစေမည်ဖြစ်ပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm