နေပြည်တော် စက်တင်ဘာ ၂၀
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ နံနက်ပိုင်းက အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ လိုက်ပါလျက် မန္တလေးတိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းလုပ်ငန်းများ အောင်မြင်ရေး ကွင်းဆင်းဆောင်ရွက်သည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည့် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ဆောင်ရွက်သော ခင်သာ-အိုင်တိုကျေးရွာချင်းဆက်လမ်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆောင်ရွက်သော ခင်သာကျေးရွာကျေးလက်ကုန် ထုတ်လမ်း ဖောက်လုပ်ပြီးစီးမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာဌာနအလိုက် တာဝန်ရှိသူများ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအားလည်းကောင်း၊ ခင်သာကျေးရွာ၊ ရေပြည်အေးကျေးရွာနှင့် အိုင်တိုကျေးရွာတို့မှ ကျေးရွာသူကျေးရွာသားများက တင်ပြသော လမ်းပန်းဆက်သွယ်ရေး၊ ရေရရှိရေး၊ ကျေးလက်မီးလင်းရေးလုပ်ငန်း လိုအပ်ချက်များအားလည်း ကောင်း ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်ချက်များကို အမြန်ဆုံးတုန့်ပြန် ဆောင်ရွက်ပေးနိုင်ရေး ပေါင်းစပ်ဆောင်ရွက်ပေးပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည် မြို့နယ်၊ သီးပင်ကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း VDP ထောက်ပံ့ရန်ပုံငွေကျပ်သိန်း ၁၅၀၊ ကျေးရွာ ထည့်ဝင်ငွေ ကျပ် ၄၆ သိန်းကျော်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာတွင်း လမ်း အရှည်ပေ ၅၇၀၊ အကျယ် ၁၂ ပေ၊ အမြင့် ခြောက်လက်မထု ကွန်ကရစ်ခင်းခြင်း၊ အိမ်သွယ်ရေတိုင်စနစ် ရေပေးရေးစနစ်နှင့် ရေသန့်စင်စက် တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက် ပြီးစီးမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်း ဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက ကျေးရွာသူ ကျေးရွာသားများ သာမက တာဝန်ရှိသူအားလုံး ဆောင်ရွက်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများ ရေရှည် တည့်တံ့ခိုင်မြဲရေး ဝိုင်းဝန်းထိန်းသိမ်းကြရန် မှာကြားပြီး ကျေးရွာများ၏ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောက်ဆည်မြို့နယ်၊ ငှက္ကတောင်ကျေးရွာ တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိသော ကျောက်ဆည်မြို့မှ ငှက္ကတောင်ကျေးရွာ အဝင်လမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းခွင်သို့ ရောက်ရှိကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူ များက လုပ်ငန်းဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြကြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက စီမံကိန်းလုပ်ငန်းများအား သတ်မှတ်ဘဏ္ဍာနှစ်အတွင်း စံချိန်စံညွှန်း ပြည့်မီစွာ အချိန်မီပြီးစီးရေး ကြီးကြပ်ဆောင်ရွက်ကြရန်၊ ကျေးရွာသူကျေးရွာသား များသာမက တာဝန်ရှိသူအားလုံး ဆောင်ရွက်ပြီးဖွံ့ဖြိုးရေးလုပ်ငန်းများ ရေရှည်တည့်တံ့ခိုင်မြဲရေး ဝိုင်းဝန်း ထိန်းသိမ်းကြရန် မှာကြားပြီး ကျေးရွာများ၏ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။ အဆိုပါ ကျေးရွာချင်းဆက်လမ်း ဆောင်ရွက်ပြီးစီးပါက ငှက္ကတောင်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာနှစ်ရွာ၊ မြို့ပေါ်ရပ်ကွက် ၄ ရပ်ကွက်၊ အိမ်ခြေ ၂၇၅၁ အိမ်၊ လူဦးရေ ၁၄၃၂၄ ဦးတို့၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ် လုပ်ငန်းများအတွက် အကျိုးပြုပေးနိုင်မှာဖြစ်ပြီး ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ကြောင်းလည်း သိရသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောက်ဆည်မြို့နယ်၊ ငါးလုံကုန်းကျေးရွာ သို့သွားရောက်ကာ ကျေးရွာယာယီရှင်းလင်းဆောင်၌ ကျောက်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာ ၁၀ ရွာ မှ သမဝါယမအသင်း(၁၀)သင်းမှ အသင်းအမှုဆောင်များ၊ အသင်းသားတောင်သူများနှင့် တွေ့ဆုံခဲ့ရာ သမဝါယမဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးနှင့် အသင်းအမှုဆောင်များက အသင်းသားတောင်သူ ၂၂၀ ဦး၏ စိုက်ပျိုးဧက ၁၀၀၀ ပေါ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစီမံကိန်းလုပ်ငန်း ဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြကြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စု ဝန်ကြီးက နိုင်ငံတော် အစိုးရက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ၁ ဧကလျှင် ငွေကျပ် ၂ သိန်းနှုန်းနှင့် ညီမျှသော မျိုး၊ ဓာတ်မြေဩဇာ၊ သွင်းအားစုများ ထောက်ပံ့ပေးလျက်ရှိကြောင်း၊ ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်ရမည်မှာ တောင်သူများ၏ တာဝန် တစ်ရပ်ပင်ဖြစ်ပါကြောင်း၊ လက်ရှိစိုက်ပျိုးနေသော စပါးမျိုးများအပြင် အထွက်နှုန်းကောင်းမွန်သော မျိုးကောင်းမျိုးသန့် စပါးမျိုးများကို တိုးချဲ့စိုက်ပျိုး ကြစေလိုကြောင်း၊ တစ်ဧက အထွက်နှုန်း တိုးတက်မှသာလျှင် တောင်သူများ ဝင်ငွေတိုးပွားနိုင်မည် ဖြစ်ပြီး လိုအပ်သည့် စိုက်နည်းစနစ်၊ စိုက်ပျိုးရေ ရရှိရေးတို့အတွက် မိမိတို့ဝန်ကြီးဌာနနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနတို့မှ ပံ့ပိုးဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေ များနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ထောက်ပံ့ငွေများကို သီးနှံပေါ်လျှင် သတ်မှတ်ကာလ အတွင်း အပြေအကြေပေးသွင်းကြရန် တိုက်တွန်းမှာကြားပါသည်။
ဆက်လက်ပြီး ကျေးရွာ ၁၀ ရွာမှ အသင်းသားတောင်သူများ၏ စိုက်ပျိုးရေးနှင့် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းလိုအပ်ချက်များ တင်ပြမှုအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးပြီးနောက် သမဝါယမ အသင်းသား တောင်သူများ စိုက်ပျိုးထားသော မိုးစပါးများ စိုက်ပျိုးဖြစ်ထွန်းအောင်မြင် နေမှုများကို ကြည့်ရှုစစ်ဆေးပါသည်။
ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး သမဝါယမ အသင်းစုချုပ်နှင့် စမ်းဝတီမွေးမြူရေးနှင့် သဘာဝမြေဩဇာထုပ်လုပ်ရေး သမဝါယမအသင်း လီမိတက်တို့ အကျိုးတူပူးပေါင်း ဆောင်ရွက်လျက်ရှိသော မန္တလေးနို့ချက်စက်ရုံသို့ ရောက်ရှိကြည့်ရှု စစ်ဆေးရာ မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်နှင့် စမ်းဝတီမွေးမြူရေးနှင့် သဘာဝ မြေဩဇာထုပ်လုပ်ရေး သမဝါယမအသင်းလီမိတက် တာဝန်ရှိသူများက စက်ရုံအကြီးစား ပြင်ဆင်ခဲ့မှု အခြေအနေများ၊ စက်ရုံလည်ပတ်ဆောင်ရွက်နေမှု အခြေအနေများ၊ ဖြန့်ဖြူးရောင်းချမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက နို့ချက်စက်ရုံ စွမ်းအားပြည့် လည်ပတ်ထုတ်လုပ်နိုင်ရေး၊ လိုအပ်သည့် ကုန်ကြမ်းများရရှိရေး ပူးပေါင်းဆောင်ရွက်သွားရန်၊ နို့ဆီ အရည်အသွေး ကောင်းမွန်အောင်ဆောင်ရွက်ရန်နှင့် ဈေးကွက်ရရှိရေး ကြိုးစားဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားပြီးနောက် စက်ရုံအတွင်း နို့ဆီ၊ နို့စိမ်း၊ နို့မှုန့်၊ နို့ဒိန်ချဉ်၊ နွားနို့ အဆင့်ဆင့် ထုတ်လုပ်နေမှု အဆင့်ဆင့်ကို ကြည့်ရှုစ်ဆေးပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သမဝါယမစာရင်းရေး စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း(မန္တလေး)သို့ ရောက်ရှိကြည့်ရှုစစ်ဆေးပြီး ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက် လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးဟာအရေးကြီးပါကြောင်း၊ ကျောင်းသား ကျောင်းသူများ အနေဖြင့် ပျော်ရွှင်အေးချမ်းစွာ ပညာသင်ကြားကြပြီး စာကြိုးစားကြရန်မှာကြားလိုပါကြောင်း၊ သင်တန်းကျောင်း၏ ဂုဏ်ကို ဆောင်နိုင်သည့် စည်းကမ်းရှိသော ကျောင်းသား ကျောင်းသူများ၊ နိုင်ငံ့ သားကောင်းရတနာများဖြစ်အောင် ကြိုးစားကြရန် လိုအပ်ကြောင်းမှာကြားပြီး ကျောင်းသား ကျောင်းသူများ တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီးသမဝါယမဦးစီးဌာန ရုံးသို့ ရောက်ရှိကြည့်ရှုစစ်ဆေးရာ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ဝန်ထမ်းများအနေဖြင့် မိမိတို့၏ လုပ်ငန်းတာဝန်များကို စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ဝန်ထမ်းစည်းမျဉ်းစည်းကမ်း ဝန်ထမ်းကျင့်ဝတ်များနှင့်အညီ လိုက်နာနေထိုင်ပြီး နိုင်ငံတော်အပေါ် သစ္စာစောင့်သိကြရန် လိုအပ်ကြောင်းဆွေးနွေးမှာကြားပြီး ဝန်ထမ်းများ၏တင်ပြချက်များကို ပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။