လောက်ကိုင် စက်တင်ဘာ ၂၁
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးစောမြင့်ထွန်းသည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ယင်းကွပ်ကဲမှုအောက်ရှိ လောက်ကိုင်မြို့နယ်၊ ကုန်းကြမ်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများမှ ဝန်ထမ်းများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ စက်တင်ဘာလ(၂၀)ရက်၊ နံနက်(၁၀)နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြည်နယ်ဦးစီးမှူး ဦးစောမြင့်ထွန်း က အဖွင့်အမှာစကားပြောကြားရာတွင် ဝန်ထမ်းများ အနေဖြင့် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ဌာန၏ လုပ်ငန်းများအပေါ် အာရုံစူးစိုက်၍ အလေးထားလိုက်နာဆောင်ရွက်ရန်၊ ဝန်ထမ်းများ ကွင်းဆင်းဆောင်ရွက်ရာ၌ နယ်မြေလုံခြုံရေးအခြေအနေ အပေါ် မူတည်၍ လုံခြုံရေးအသိ၊ သတိရှိရှိဖြင့် သွားလာဆောင်ရွက်ကြရန်၊ ဒေသဦးစီးမှူး၊ မြို့နယ် ဦးစီးမှူးများအနေဖြင့် မိမိဝန်ထမ်းများ၏ လူမှုစီးပွားဘဝ သက်သာချောင်ချိရေးကို တတ်နိုင်သမျှ ကူညီ ဖြေရှင်းပေးရန်၊ အထက်ရုံးအဆင့်ဆင့်၏ ညွှန်ကြားချက်များအား အောက်ခြေအထိ သိရှိနားလည်လိုက်နာ စေရေး ချပြရှင်းလင်းဆောင်ရွက်သွားရန်နှင့် လုပ်ငန်းများ အချိန်မီပြီးစီးရေး အလေးထားကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားသည်။
ဆက်လက်၍ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒေသဦးစီးမှူး ဦးဆက်နိုင်ထွန်း က ကိုးကန့်ဒေသအတွင်း ၂၀၂၃-၂၀၂၄ ခု၊ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက် သည့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်း၊ စီမံကိန်းများနှင့်ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှုအခြေအနေများ အား ရှင်းလင်းတင်ပြသည်။
ထို့နောက် ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ် ဦးစီးမှူး ဦးစောမြင့်ထွန်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒေသဦးစီးမှူး ဦးဆက်နိုင်ထွန်း၊ လောက်ကိုင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးဇော်နန်းနှင့် ဝန်ထမ်းများသည် ၂၀၂၃-၂၀၂၄ ခု၊ ဘဏ္ဍာရေးနှစ်အတွင်း လောက်ကိုင်မြို့နယ်၊ ရွှေယင်စီးကျေးရွာအုပ်စု၊ တာရှီကမ်းပါးကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)အား နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း(၁၅၀)ဖြင့် ကျေးရွာတွင်းလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်း (၅၀၀’x၁၂’x၆’’) ဆောက်ရွက်ပြီးစီးမှု အခြေအနေကိုလည်းကောင်း၊ တင်ဒါအောင်မြင်သော မြင့်မြတ် စက်ကျော်ကုမ္ပဏီမှ မန်တုံပါးကျေးရွာအုပ်စု၊ မန်ချင်ကျေးရွာ၌ အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိသည့် အရှည် (၁)မိုင်၊ အကျယ်(၁၂)ပေ၊ ထု(၉)လက်မရှိ ကျေးလက်ကုန်ထုတ်လမ်း(မြေသား+သဲဗြုန်း) လုပ်ငန်း ဆောင်ရွက်မှုအခြေအနေကိုလည်းကောင်း၊ တင်ဒါအောင်မြင်သော Platinum Villageကုမ္ပဏီမှ ရှောက်ထန်ပါးကျေးရွာ၌ သန့်ရှင်းသော သောက်သုံးရေဖူလုံစွာ ရရှိရေးအတွက် ဆောင်ရွက်လျက်ရှိသည့် စိမ့်စမ်းရေသွယ်တန်းခြင်း(၂)မိုင်(၄)ဖာလုံလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း မြေပြင် ကွင်းဆင်းကြီးကြပ်စစ်ဆေးခဲ့ပြီး သတ်မှတ်ကာလအတွင်း လုပ်ငန်းများကို ဌာနမှ သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးအောင် အလေးထားလိုက်နာ ဆောင်ရွက်သွားရန် တင်ဒါအောင် ကုမ္ပဏီမှ တာဝန်ရှိပုဂ္ဂိုလ်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဆက်ချစ်(ကျေးလက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်