Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် ကွန်ပျူတာလက်တွေ့စာမေးပွဲများဖြေဆို


19 Sep,2023

သန်လျင် စက်တင်ဘာ ၁၉

              သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်နှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ သင်တန်းနှစ်အသီးသီး၏ ကွန်ပျူတာလက်တွေ့စာမေးပွဲများကို       ၁၈-၉-၂၀၂၃ ရက်နေ့မှ ၂၁-၉-၂၀၂၃ ရက်နေ့အထိလည်းကောင်း၊ ရေးဖြေစာမေးပွဲများကို ၂၂-၉-၂၀၂၃ ရက်နေ့မှ ၂၉-၉-၂၀၂၃ ရက်နေ့အထိလည်းကောင်း စစ်ဆေးသွားမည်ဖြစ်သည်။     ၁၈-၉-၂၀၂၃ ရက်နေ့နှင့်   ၁၉-၉-၂၀၂၃ ရက်နေ့များတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပထမနှစ် (ဒုတိယနှစ်ဝက်)သင်တန်း၏ ကွန်ပျူတာလက်တွေ့ စာမေးပွဲဖြေဆိုနေမှုကို စာမေးပွဲစည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပထမနှစ် (ဒုတိယနှစ်ဝက်)သင်တန်း၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ်နှင့် ဘွဲ့လွန်သင်တန်းများ၏ ပထမနှစ်ဝက်စာမေးပွဲများတွင် ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူဦးရေ (၁၁၃၄)ဦးရှိကြောင်း သိရှိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm