Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုအောင်မြင်စေရေး ကွင်းဆင်းဆောင်ရွက်


05 Jun,2022

နေပြည်တော် ဇွန် ၄

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာ၊န ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ဇွန်လ (၃) ရက်နေ့၊ နံနက်ပိုင်းက ဦးစီးဌာနများမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်အတူ သက်ဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ရခိုင်ပြည်နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများ ပိုမိုအောင်မြင်စေရေး ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့်အဖွဲ့သည် စစ်တွေမြို့၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၊ ရုံးသို့ ရောက်ရှိပြီး ဦးစီးဌာနများမှ ဝန်ထမ်းများနှင့်တွေ့ဆုံကာ ဒုတိယဝန်ကြီးက လုပ်ငန်းဆိုင်ရာများ မှာကြားပြီး တာဝန်ရှိသူများ၏ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု တင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပါသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စစ်တွေမြို့နယ်၊ ကျားမသောက်ကျေးရွာရှိ ရွှေကျား ရက်ကန်းအလုပ်သို့ ရောက်ရှိပြီး အလုပ်ရုံပိုင်ရှင်မှ လုပ်ငန်းဆောင်ရွက်နေမှုများ တင်ပြခြင်းအပေါ် လိုအပ်သည်များ မှာကြားကာ အလုပ်ရုံအတွင်း လှည့်လည်ကြည့်ရှုလေ့လာခဲ့ပါသည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျားမသောက်ကျေးရွာရှိ မြစိမ်းရောင်ကျေးရွာ စီမံကိန်းကော်မတီဝင်များနှင့် တွေ့ဆုံကာ စီမံကိန်းရန်ပုံငွေဖြင့် စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက် လျက်ရှိသော ဦးအောင်သန်းတင်၏ ပဲစိုက်ခင်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

၎င်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရွာသစ်ကေကျေးရွာရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း VDP ရန်ပုံငွေဖြင့် ကျေးရွာသူ/ သားများ ကိုယ်တိုင် ဆောင်ရွက်ခဲ့သော ကျေးရွာမြောက်ဘက်လမ်း (၆၂၀’x ၈’x၇’) ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းအား ကြည့်ရှုစစ်ဆေးကာ ဆောင်ရွက်ပြီးစီးသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရေရှည် တည်တံ့နိုင်ရေးအတွက် အားလုံးက ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရန် မှာကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စစ်တွေမြို့နယ်၊ မြောက်စံပြရပ်ကွက်ရှိ မင်းသားလေး အထွေထွေစီးပွားရေးသမဝါယမအသင်းသို့ ရောက်ရှိကာ အသင်းတာဝန်ရှိသူများ၏ လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး အသင်း အ‌ရောင်းဆိုင်အား ကြည့်ရှုစစ်ဆေးပါသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စစ်တွေမြို့၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီး ဌာန၏ ရက္ကန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းအုပ်ကြီး၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံရာတွင် ကျောင်းအုပ်ကြီးမှ လုပ်ငန်းဆောင်ရွက်နေမှုများ တင်ပြခြင်းအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် သင်တန်းသား၊ သင်တန်းသူများ၏ လက်တွေ့ဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေးကာ ဒုတိယဝန်ကြီးက သင်တန်းသား/ သူများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါသည်။

၎င်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရခိုင်ပြည်နယ်၊ သမဝါယမအသင်းစုချုပ်သို့ ရောက်ရှိ ပြီး အသင်းဥက္ကဋ္ဌ၊ အသင်းအမှုဆောင်များနှင့် တွေ့ဆုံရာတွင် ဒုတိယဝန်ကြီးက သမဝါယမအသင်း များအနေဖြင့် သဘာဝမြေဩဇာများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနိုင်ရေး ဆောင်ရွက်ရန်၊ အသင်းမှ ထုတ်ချေးပေးထားသော ချေးငွေများ ပြန်လည်ရရှိရေး တတ်စွမ်းသမျှ နည်းလမ်းရှာဖွေ ဆောင်ရွက် ကြရန်နှင့် အသင်းသားတောင်သူများအတွက် ထွန်စက်များ၊ လယ်ယာသုံးစက်ကိရိယာများနှင့် စိုက်ပျိုးရေးသွင်းအားစုများ ‌ထောက်ပံ့နိုင်ရေး စီစဉ်ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သတင်း ရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm