Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကြီးနီခေတ်မီစံပြကျေးရွာ၌ စိုက်ပျိုးရေးမျိုးကောင်းမျိုးသန့်များထောက်ပံ့ခြင်းနှင့် မြေဆီလွှာထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်


20 Sep,2023

ချောက်       စက်တင်ဘာ      ၂၀

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက စိုက်ပျိုးရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ကြီးနီခေတ်မီစံပြကျေးရွာ၌ စိုက်ပျိုးရေးမျိုးကောင်းမျိုးသန့်များထောက်ပံ့ပေးအပ်ခြင်းနှင့် မြေဆီလွှာထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို စက်တင်ဘာလ ၁၉ ရက်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာစုရပ်ဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပထမဦးစွာ ချောက်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဖြူဖြူဇင်က ကြီးနီခေတ်မီစံပြကျေးရွာရှိ စိုက်ပျိုးရေးစံပြစိုက်ကွက်များတွင် စိုက်ကျိုးရန်အတွက် မျိုးကောင်းမျိုးသန့်မျိုးစေ့များ ထောက်ပံ့ပေးအပ်မည့်အခြေအနေများ၊ သီးနှံအထွက်တိုးရန် မြေဆီလွှာ၏အရေးပါပုံများနှင့် တောင်သူများသိထားသင့်သော မြေဆီလွှာထိန်းသိမ်းရေးဆိုင်ရာအသိပညာများကို ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ချောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးရဲကျော်သူက ခေတ်မီစံပြကျေးရွာထူထောင်ရေးဆိုင်ရာလုပ်ငန်းစဉ်များကို ဆွေးနွေးပြောကြားသည်။

ထို့နောက် ချောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဖြူဖြူဇင်က တောင်သူများထံ စံပြစိုက်ကွက်များတွင်စိုက်ပျိုးရန်အတွက် ပံစဉ်းငုံ၊ နေကြာနှင့် ကုလားပဲ မျိုးကောင်းမျိုးသန့်မျိုးစေ့များကို ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ ကြီးနီခေတ်မီစံပြကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့် တောင်သူများတက်ရောက်ခဲ့ကြောင်း ချောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm