Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သရက်မြို့နယ် မုံဇလီကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်နေမှု ကွင်းဆင်း စစ်ဆေး


20 Sep,2023

သရက် စက်တင်ဘာ ၂၀
 
မကွေးတိုင်းဒေသကြီး သရက်ခရိုင် သရက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီး ဌာနက ကျေးလက် နေပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားစီးပွားရေးလုပ်ငန်းများ၏ ထုတ်ကုန်၊ထွက်ကုန်များ ရာသီမရွေးဈေးကွက်သို့ အလွယ်တကူ သယ်ယူပို့ဆောင်နိုင်ရန် ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မုံဇလီ ကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်နေမှု အခြေ အနေများကိုစက်တင်ဘာ ၁၉ ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။          
 
                ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် သရက်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်ဆန်းဌေး၊ သရက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးယုနိုင်လင်း နှင့် တာဝန်ခံအင်ဂျင်နီယာတို့က ကျေးရွာလမ်းကော်မတီဝင်များ နှင့်အတူ မုံဇလီ ကျေးရွာ ကုန်ထုတ်လမ်းဖောက်လုပ်နေမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးပြီး တာဝန်ယူဆောင်ရွက်သော စေတုတ္တရာချင်းတိုင်းသားများကုမ္ပဏီ တာဝန်ခံအင်ဂျင်နီယာတို့က လုပ်ငန်းဆောင်ရွက် နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်း တင်ပြမှုအပေါ် သရက်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်ဆန်းဌေး က သတ်မှတ်စံချိန် စံညွှန်းနှင့်အညီ အရည်အသွေး ပြည့်မီစေရေး ဆောင်ရွက်သွားရန် မှာကြားသည်။       
 
                ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၌ သရက်မြို့နယ်အတွင်း မုံဇလီကျေးရွာ၌ အရှည် ၁ ဒသမ ၅ မိုင်၊ အကျယ် ၁၂ ပေ၊ အမြင့် ကိုးလက်မရှိ မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်း ၊ Slab culvert (၂)စင်း တည်ဆောက်ခြင်း လုပ်ငန်းကို ပြည်ထောင်စု(မူလ) ခွင့်ပြု ရန်ပုံငွေကျပ် ၅၄ ဒဿမ ၉ သန်းဖြင့် စေတုတ္တရာချင်းတိုင်းသားများကုမ္ပဏီ က ယခုနှစ် ဇွန်လ ၁၀ ရက်နေ့မှ စတင်၍ တာဝန်ယူ‌ ဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်း ဆောင်ရွက်မှုမှာ ၇၇ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီးဖြစ်ပါကြောင်း သရက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးယုနိုင်လင်း ပြောပြ၍ သိရသည်။    


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm