Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရန်ကုန်တိုင်း‌ဒေသကြီး‌ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင် ဒုတိယညွှန်ကြားရေးမှူးချုပ် နှင့်တိုင်း/ခရိုင်/မြို့နယ်ဦးစီးမှူးများတွေ့ဆုံပွဲအခမ်းအနားကျင်းပ


19 Sep,2023

ရန်ကုန်   စက်တင်ဘာ လ  ၁၈   ရက်

          ရန်ကုန်တိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၌ ဒုတိယညွှန်ကြား‌‌ရေးမှူးချုပ် ဒေါ်ညိုညိုဝင်းနှင့် တိုင်း/ခရိုင်နှင့်မြို့နယ်‌ဦးစီးမှူးများ တွေ့ဆုံပွဲ အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

          ရှေးဦးစွာ ဒုတိယညွှန်ကြား‌‌ရေးမှူးချုပ် ဒေါ်ညိုညိုဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် ဝန်ထမ်းများကွင်းဆင်းဆောင်ရွက်ရာ၌ လုံခြုံရေးအသိသတိရှိကြရန်၊ ဝန်ထမ်းအချင်းချင်း စည်းလုံးမှု ရှိကြရန်၊ သက်ဆိုင်ရာဦးစီးမှူးများအနေဖြင့် မိမိဝန်ထမ်းများ၏ လူမှုစီးပွားဘဝ သက်သာချောင်ချိရေး ကိုတတ်နိုင်သမျှ ကူညီဖြေရှင်းပေးရန်၊ ညွှန်ကြားချက်များအား ‌တိုင်း၊ခရိုင်၊မြို့နယ်အဆင့်ဆင့် အောက်ခြေအထိ ချပြရှင်းလင်းဆောင်ရွက်သွားရန်နှင့် လုပ်ငန်းများ အချိန်မီပြီးစီးရေး  ဆောင်ရွက်သွား ကြရန် မှာကြားသည်။

            ဆက်လက်၍ တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်လင်းသန်းက တိုင်းဒေသကြီးအတွင်း‌ ၂၀၂၃-၂၀၂၄ ခု၊ ဘဏ္ဍာ‌‌ရေးနှစ်တွင်ဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း၊ စီမံကိန်းများနှင့်ပတ်သက်၍ ဆောင်ရွက် ပြီးစီးမှု အခြေအနေများအား  ရှင်းလင်းတင်ပြသည်။

            ထို့နောက် ခရိုင်၊ မြို့နယ်ဦးစီးမှူးများမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း၊ စီမံကိန်းများ ဆောင်ရွက်ရန် လိုအပ်ချက်အချို့အား ရှင်းလင်းတင်ပြခဲ့ရာ ဒုတိယညွှန်ကြား‌‌ရေးမှူးချုပ်မှ လိုအပ်သည်များအား တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဆင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။   


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm