Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မကွေးမြို့နယ် စမ်းမကြီးကျေးရွာ၌ အိမ်တိုင်ရာရောက်ရေပိုက်သွယ်တန်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုစစ်ဆေး


19 Sep,2023

မကွေး     စက်တင်ဘာ      ၁၉

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်(၆)နှင့်အညီ ကျေးလက်နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေရရှိရေးအတွက် စမ်းမကြီးကျေးရွာ၌ အိမ်တိုင်ရာရောက်ရေပိုက်သွယ်တန်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေကို တာဝန်ရှိသူများက နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မကွေးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(နည်းပညာ) ဒေါ်မြသက်ထွေး နှင့် မကွေးမြို့နယ်မှ အင်ဂျင်နီယာဝန်ထမ်းများသည် စမ်းမကြီးကျေးရွာသောက်‌သုံးရေရရှိရေးကော်မတီဝင်များနှင့်အတူ ဆိုလာရေတင်စနစ်တည် ဆောက်ခြင်း၊ ဂါလံ ၂၄၀၀ ဆံ့ ရေစင်တည်ဆောက်ခြင်းနှင့် အိမ်တိုင်ရာရောက်ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လက်ထောက်ညွှန်ကြားရေးမှူး(နည်းပညာ)က တင်ဒါရကုမ္ပဏီမှ တာဝန်ရှိသူအား ဆောင်ရွက်ရန်ကျန်ရှိသောလုပ်ငန်းများအား သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်ရန်နှင့် ကျေးရွာရေကော်မတီထံ စနစ်တကျလုပ်ငန်းလွှဲပြောင်းအပ်နှံရန် မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

မကွေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ခု ဘဏ္ဍားရေးနှစ်တွင် တိုင်းဒေသကြီးရန်ပုံငွေကျပ် ၁၀၃ ဒသမ ၁၅ သန်းဖြင့် စမ်းကြီးကျေးရွာ၌ ၉ ဒသမ ၉ ကီလိုဝပ် ဆိုလာစနစ်တည်ဆောက်ခြင်း၊ ဂါလံ ၂၄၀၀ ဆံ့ ရေစင်တည်ဆောက်ခြင်းနှင့် အိမ်တိုင်ရာရောက် ရေပိုက်လိုင်းအရှည် ၃၀၀၀၀ ပေ သွယ်တန်းခြင်းလုပ်ငန်းများကို မြင့်မိုရ်စံထားကုမ္ပဏီက တာဝန်ယူ၍ ဇွန်လ ၂၅ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ၉၅ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ပြီး ရာနှုန်းပြည့်ပြီးစီးပါက အဆိုပါကျေးရွာရှိ အိမ်ခြေ ၄၈၀ အိမ်၊ လူ ၂၀၈၂ ဦးနှင့် ကျွဲ နွား တိရစ္ဆာန်များအတွက် သန့်ရှင်းသော သောက်သုံးရေလုံလောက်စွာရရှိမည့်အပြင် အိမ်တိုင် ရာရောက်စနစ်ဖြစ်သည့်အတွက် ကျေးလက်နေပြည်သူများ၏ လူနေမှုအဆင့်အတန်းမြင့်မားလာမည်ဖြစ်ကြောင်း မကွေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm