စလင်း စက်တင်ဘာ ၁၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေအမျိုးသမီးငယ်များ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်အတွက် ဒေါင့်ဘိုးကျေးရွာ၌ အသက်မွေး ဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဖွင့်လက်တွေ့သင်ကြားနေမှုကို တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြို့နယ်ဦးစီးမှူး ဦးမောင်မောင်သွင်နှင့် တာဝန်ရှိသူများသည် ဒေါင့်ဘိုးကျေးရွာ ၌ ဖွင့်လှစ်လျက်ရှိသည့် အသက်မွေး ဝမ်း ကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဖွင့်လက်တွေ့သင်ကြားနေမှုအခြေ အနေကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက သင်တန်းသူများအား တွေ့ဆုံ၍ အခြေခံစက်ချုပ်ခြင်းဆိုင်ရာ ပညာရပ်များအား သင်တန်းကာလပြီးမြောက်သည်အထိ ကြိုးစားသင်ယူကြစေလိုကြောင်း ဆွေးနွေးမှာကြားသည်။
အဆိုပါသင်တန်းကို စက်တင်ဘာလ ၁ ရက်နေ့မှ ၃၀ ရက်နေ့ထိ တစ်လကြာ စာတွေ့လက်တွေ့ဖြင့် အခမဲ့သင်ကြားပို့ချသွားမည်ဖြစ်ပြီး ဒေါင့်ဘိုးကျေးရွာ၊ ညောင်ပင်လယ်ကျင်းကျေးရွာနှင့် ဒီးဒုတ်ပင်ကျေးရွာတို့မှ သင်တန်းသူ ၃၀ ဦး တက်ရောက်သင်ယူလျက်ရှိကြောင်း စလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်