Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ကျောင်းသုံးပုံနှိပ်စာအုပ်များထောက်ပံ့ခြင်းအခမ်းအနား ကျင်းပ၊


03 Jun,2022

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ၂၀၂၂-၂၀၂၃ပညာသင်နှစ်၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ပြည်ထောင်စုဝန်ကြီးမှ ထောက်ပံ့သော ပထမနှစ် ကျောင်းသား/ကျောင်းသူများအတွက် ပုံနှိပ်စာအုပ်များ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် (၂-၆-၂၀၂၂) ရက်နေ့ (၀၉း၃၀)နာရီ အချိန်၌ ကျင်းပပြုလုပ်ခဲ့ရာ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ သင်ကြား/စီမံ ဌာနမှူးများနှင့် ဆရာ၊ဆရာမများ၊ ပထမနှစ် မောင်မယ်သစ်လွင် ကျောင်းသား/သူများနှင့် အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များအဖြစ် စစ်ကိုင်း ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌ၊ စစ်ကိုင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

          သမဝါယမ နှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီက ကြိုဆို နှုတ်ခွန်းဆက် ဩဝါဒ အမှာစကားပြောကြားရာတွင် မြန်မာ့ပညာရေးမျှော်မှန်းချက် မျက်မှောက်ကာလဖြစ် သော ပညာရေးခေတ်၏ စိန်ခေါ်မှုကို ရင်ဆိုင်နိုင်မည့် အစဉ်လေ့လာသင်ယူနေသော လူ့ဘောင်အဖွဲ့ အစည်း ကို ဖန်တီးပေးနိုင်သည့် ပညာရေးစနစ်တစ်ခု ဖြစ်ထွန်းစေရန် အားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ဆရာ/ဆရာမများသည်လည်း ဆရာ့ကျင့်ဝတ်နှင့်အညီ တပည့်များအား ရင်ဝယ်သားကဲ့သို့ ပညာကို မျှဝေသင်ပြပေးရန် လိုအပ်ကြောင်း၊ ဆရာ့ကျင့်ဝတ်၊ တပည့်ကျင့်ဝတ်နှင့်အညီ နေသွားရန် လိုအပ် ကြောင်း ၊မောင်မယ်သစ်လွင်များ အားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း ပြည့်စုံပြီး မိမိ မိသားစု၊ ဒေသ၊ တက္ကသိုလ်၊ တိုင်းပြည်အတွက် အားထားရသည့် လူတော်လူကောင်းများ ဖြစ်ကြပါစေရန် ဆုမွန် ကောင်းတောင်းကြောင်း၊ မိမိတို့တက္ကသိုလ်မှ နွေးထွေးပျူငှာလှိုက်လှဲစွာ ကြိုဆိုပါကြောင်း ပြောကြားခဲ့ သည်။

ဆက်လက်၍ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ သင်ကြား/စီမံ ဌာနမှူးများ၊ ပထမနှစ် သင်ကြားပေးမည့် ဆရာ၊ဆရာမများနှင့် မောင်မယ်သစ်လွင် ကျောင်းသား/ကျောင်းသူများအား မိတ်ဆက် ပေးခြင်း၊ သင်တန်းရေးရာဌာနမှူးက သင်တန်းရေးရာဌာန၏ လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းပြောကြား ခြင်း၊ ဆက်လက်၍ Social Enterprise Management, Regional Development, Applied Statistics,   Accounting & Finance, Marketing Management အထူးပြုဘာသာရပ်(၅)ဌာန၏ ဌာနမှူးများက ဘာသာ ရပ်ဆိုင်ရာများ မိတ်ဆက်ပြောကြားခြင်း၊ ဘာသာရပ်အလိုက် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနိုင်မှုကို ရှင်းလင်းပြောကြားခဲ့ကြသည်။

ထို့နောက် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ထောက်ပံ့ပေးအပ် သည့် ပထမနှစ် ကျောင်းသား/ကျောင်းသူ မောင်မယ်သစ်လွင် (၂၀၂)ဦးအတွက် ငွေကျပ်(၁၀,၂၃၀,၀၀၀) တန်ဖိုးရှိသည့် ပုံနှိပ်စာအုပ်များကို ပြည်ထောင်စုဝန်ကြီးကိုယ်စား ပါမောက္ခချုပ်မှ အတန်း ကိုယ်စားလှယ် ကျောင်းသား/ကျောင်းသူများကို ပေးအပ်ချီးမြှင့်ခဲ့သည်။ဝန်ကြီးဌာနမှ ကျောင်းဝတ်စုံဖိုးများ ထပ်မံထောက်ပံ့ ပေးမည်ဖြစ်ကြောင်း သိရှိရပြီး ကျောင်းသားတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားကာ အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြောင်းသိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm