ပြည် စက်တင်ဘာ ၁၉
ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်သမဝါယမဦးစီးဌာနမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မြို့နယ်အတွင်းရှိ မှော်ဘီ(၂)၊ GW-11 နှင့် ထိုင်းနှံကောက်မျိုးစပါးများ စိုက်ပျိုးထားရှိသည့် သမဝါယမ အသင်းသားတောင်သူများအတွက် တစ်ဧကလျှင် ငွေကျပ်နှစ်သိန်းနှုန်းနှင့်ညီမျှသော အာမို(၁၅ x ၁၅ x ၁၅ )၊ အာမိုပုလဲမြေဩဇာများ ပေးအပ်ခဲ့သည်။
ထိုသို့ပေးအပ်ရာတွင် ဇာတိမာန်လယ်/ထွေသမဝါယမအသင်းလီမိတက်မှ အသင်းသား ၃၈ ဦး၏ စိုက်ဧက ၂၅၀ အတွက် ငွေကျပ်သန်း ၅၀ ၊ အုတ်ဆွဲစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမ အသင်းလီမိတက်မှ အသင်းသား ၅၁ ဦး၏ စိုက်ဧက ၅၀၀ အတွက် ငွေကျပ်သန်း ၁၀၀ ၊ မြောင်းဆုံ စိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းလီမိတက်မှ အသင်းသား ၈၃ ဦး ၏ စိုက်ဧက ၅၅၀ အတွက် ငွေကျပ်သန်း ၁၁၀ နှင့် ညီမျှသောသွင်းအားစုများ ပေးအပ်ခဲ့ကြောင်းသိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်