Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

လေးမျက်နှာမြို့နယ် ဝတ်ကုန်းကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအားကွင်းဆင်းစစ်ဆေး


19 Sep,2023

လေးမျက်နှာ                    စက်တင်ဘာ                   ၁၉
 
            ဧရာဝတီတိုင်းဒေသကြီး၊‌လေးမျက်နှာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတကျရေးဦးစီးဌာနက၂၀၂၃-၂၀၄ခုဘဏ်ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ရန်ပုံငွေဖြင့် ဝတ်ကုန်းကျေးရွာအုပ်စု၊ဝတ်ကုန်းကျေးရွာ၌ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ဟင်္သာတခရိုင် ကျေးလက်‌ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက စက်တင်ဘာ ၁၈ ရက်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
 
            ထိုသို့ကွင်းဆင်းစစ်‌ဆေးရာတွင် ဟင်္သာတခရိုင်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်သက်ရှည်နှင့်ဝန်ထမ်းများ၊လေးမျက်နှာမြို့နယ်ကျေးလက်ဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးစိုးကျော်သူနှင့်အင်ဂျင်နီယာများအဖွဲ့သည် ဝတ်ကုန်းကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များနှင့်အတူ လမ်းအရှည်၆၂၀ပေ၊လမ်းအကျယ် ၁၀ပေ၊အမြင့် ၇လက်မ ထုဖြင့် ကျေးရွာတွင်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအားကြည့်ရှုစစ်ဆေးခဲ့ပြီးလုပ်ငန်းအား စံချိန်စံညွှန်းနှင့်အညီသတ်မှတ်အချိန်အတွင်းပြီးစီးအောင်ဆောင်ရွက်နိုင်ရေး  အလေးထားဆောင်ရွက်ရန် ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များအား လမ်းညွှန်မှာကြားခဲ့ပြီးလိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
 
             အဆိုပါ ဝတ်ကုန်းကျေးရွာ၌ ကျေးရွာတွင်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းကိုကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)မှပံ့ပိုးရန်ပုံငွေကျပ်သိန်း၁၅၀နှင့်ကျေးရွာမှ ပြည်သူထည်ဝင်လှူဒါန်းငွေကျပ်သိန်း၃၀ စုစုပေါင်းငွေကျပ်သိန်း ၁၈၀ဖြင့် မြို့နယ်ကျေးလက်ဦးစီးဌာန၏ နည်းပညာပံ့ပိုးမှု၊အနီးကပ်စောင့်ကြည့်ကြီးကြပ်မှုများနှင့် ကျေးရွာသူကျေးရွာသားများကိုယ်တိုင် ဩဂုတ်ဒုတိယအပတ်မှစတင်၍ ဆောင်ရွက်ခဲ့ရာယခုအချိန်တွင် လုပ်ငန်းများ ၉၀ ရာခိုင်နှုန်းကျော်ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါလုပ်ငန်းဆောင်ရွက်ပြီးစီးပါက ကျေးရွာရှိအိမ်ထောင်စု (၃၀၀)စု၊လူဦးရေ(၉၅၄)ဦးတို့မှာလမ်းပန်း ဆက်သွယ်ရေးပိုမို အဆင်ပြေချောမွေ့စွာသွားလာနိုင်မည်သာမက ကျေးလက်နေပြည်သူများ၏ ငွေကြေးစီမံခန့်ခွဲမှုစွမ်းရည်များ၊လုပ်ငန်းအပေါ် စီမံနိုင်မှုများ၊မိမိရပ်အတွက် ဖွံ့ဖြိုးမှုလိုလားသောကျေးလက်ဖွံ့ဖြိုးရေးစိတ်ဓါတ်များ ယခင်ထက်တိုးပွားလာမည် ဖြစ်ကြောင်း ဟင်္သာတခရိုင်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm