နေပြည်တော် စက်တင်ဘာ ၁၈ ရက်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ သတင်းအချက် အလက်နှင့်နည်းပညာဌာနခွဲမှ ကြီးမှူးဖွင့်လှစ်သော Basic GIS Training Course (၂/၂၀၂၃) သင်တန်းဖွင့်ပွဲအခမ်းအနားကို (၁၈-၉-၂၀၂၃)ရက်နေ့ နံနက်(၁၀:၀၀)နာရီ အချိန်တွင် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ဖွင့်ပွဲအခမ်းအနားသို့ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ စစ်ဆေးရေးအရာရှိချုပ်၊ အင်ဂျင်နီယာချုပ်(မြို့ပြ)များ၊ ညွှန်ကြားရေးမှူးများ၊ ရုံးချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်မှ သင်တန်း တက်ရောက်ကြမည့် သင်တန်းသား/သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းသိန်းက သင်တန်းဖွင့်ပွဲ အမှာစကားပြောကြားပြီး သတင်းအချက်အလက်နှင့်နည်းပညာဌာနခွဲ တာဝန်ခံ ညွှန်ကြားရေးမှူး(I.T) ဦးရဲလင်းထွန်းက Basic GIS Training သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပါသည်။ ဆက်လက်၍ GIS လုပ်ငန်းဆောင်ရွက်မှုအခြေအနေ၊ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအား ရုံးအုပ် ဦးရာဇာထွန်း က ရှင်းလင်းသရုပ်ပြပြီးနောက် သင်တန်းဖွင့်ပွဲ အမှတ်တရ မှတ်တမ်းဓါတ်ပုံရိုက်ကူးပြီး အခမ်းအနားကို အောင်မြင်စွာ ကျင်းပြပြီးစီးခဲ့ပါသည်။
အဆိုပါသင်တန်းကို (၁၈-၉-၂၀၂၃)ရက်နေ့မှ (၂၉-၉-၂၀၂၃)ရက်နေ့အထိ နှစ်ပတ်အကြာ သင်တန်းပို့ချ သွားမည်ဖြစ်ပြီး ရုံးချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ သင်တန်းသား/သူ (၃၅)ဦး တက်ရောက်ကြ ကြောင်း သိရှိရပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်