Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ကွန်ပျူတာလက်တွေ့ စာမေးပွဲ ဖြေဆိုနေမှု အခြေအနေကို ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီမှ လိုက်လံကြည့်ရှုစစ်ဆေး


18 Sep,2023

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် (၁၈.၉.၂၀၂၃) ရက်နေ့ နံနက်ပိုင်းတွင် ကွန်ပျူတာလက်တွေ့ စာမေးပွဲ ဖြေဆိုနေမှု အခြေအနေကို ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီ ဦးဆောင်၍ သင်တန်းရေးရာ ဌာနမှူး၊ ဒု-ဌာနမှူး၊ နှင့် မော်ကွန်းထိန်းများက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာ ကြားခဲ့ပါသည်။ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် နှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကွန်ပျူတာလက်တွေ့ စာမေးပွဲများကို (၁၈.၉.၂၀၂၃)ရက်နေ့မှ (၂၁.၉.၂၀၂၃) ရက် နေ့ထိ လည်းကောင်း၊ Theory ပိုင်း ရေးဖြေစာမေးပွဲများကို (၂၁.၉.၂၀၂၃) ရက်နေ့ မှ (၂၈.၉.၂၀၂၃)ရက်နေ့ထိ လည်းကောင်း ကျင်းပပြုလုပ်မည်ဖြစ်ပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပထမနှစ် ဒုတိယနှစ်ဝက်၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ်၊ ဘွဲ့လွန်ဒီပလိုမာ၊ မဟာတန်းပထမနှစ်တို့၏ ပထမနှစ် ဝက် စာမေးပွဲ များကို ဖြေဆိုသူ ကျောင်းသား၊ကျောင်းသူဦးရေ (၉၉၁)ဦး ဖြေဆို လျက်ရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm