မင်းတုန်း စက်တင်ဘာ ၁၅
မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ်တွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဘဏ္ဍာနှစ်အလိုက် ကျေးလက်လမ်း၊ တံတား များကို အချိန်မီပြီးစီးနိုင်ရေး တည်ဆောက်ပေးလျက်ရှိသည်။
အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာတွင် တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ခုန်တိုင်ကျင်း- မြှုံးဝ ကျေးရွာချင်းဆက်လမ်း လမ်းအရှည် (၂/၂)မိုင်အား ဖို့မြေ၊ ဖြတ်မြေလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ၁၈ ပေအကျယ်၊ ၈ လက်မထု မြေနီခင်းခြင်းလုပ်ငန်း များကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ဆောင်ရွက်လျက်ရှိသည်။
ခုန်တိုင်ကျင်း - မြှုံးဝ ကျေးရွာချင်းဆက်လမ်း ဆောင်ရွက်ပြီးပါက ကျေးရွာ သုံးရွာရှိ အိမ်ခြေ ၄၃၁ အိမ်၊ လူဦးရေ ၁၅ဝ၈ ဦးတို့၏ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် လူမှုစီးပွားများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး ကုန်စည်စီးဆင်းမှုများ အဆင်ပြေလွယ်ကူချောမွေ့စွာ သွားလာလုပ်ကိုင် ဆောင်ရွက်နိုင်မည်ဖြစ်သည့်အပြင် ကျေးလက် နှင့် မြို့ပြကွာဟမှု လျှော့ချနိုင်ရေးကိုပါ အထောက်အကူပြုနိုင်မည် ဖြစ်ကြောင်း မင်းတုန်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
ဇော်ဘီ
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်