Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ငဖဲမြို့နယ်တွင် ကျေးရွာချင်းဆက် ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကွင်းဆင်းစစ်ဆေး


18 Sep,2023

ငဖဲ စက်တင်ဘာ ၁၅

         မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပဒါန်း-ငဖဲ-စေတုတ္တရာလမ်းမှ အောင်ပင်လယ်ကျေးရွာသို့ ဆက်သွယ်သော ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို စက်တင်ဘာ ၁၄ရက်နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ငဖဲမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်တာဝန်ခံဒေါ်ခိုင်မာသန်းနှင့် တာဝန်ခံအင်ဂျင်နီယာများက ကျေးရွာလမ်းဖြစ်မြောက်ရေး ကော်မတီဝင်များနှင့်အတူ ပဒါန်း-ငဖဲ-စေတုတ္တရာလမ်းမှ အောင်ပင်လယ်ကျေးရွာသို့ ဆက်သွယ်သော ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီးမြို့နယ်တာဝန်ခံ ဒေါ်ခိုင်မာသန်းက လမ်းအရည်အသွေးပြည့်မီစေရေးနှင့် သတ်မှတ်စံချိန်စံညွှန်းနှင့် အညီ အချိန်မီပြီးစီးနိုင်ရေး အလေးထား ဆောင်ရွက်သွားကြစေလိုကြောင်း မှာကြားသည်။

    ပဒါန်း-ငဖဲ-စေတုတ္တရာလမ်းမှ အောင်ပင်လယ်ကျေးရွာသို့ ဆက်သွယ်သောလမ်းအရှည် ၇ ဒသမ ၈၇ ဖာလုံ၊ အကျယ် ၁၂ ပေ၊ အမြင့် ၁၃ လက်မ ကတ္တရာလမ်းခင်းခြင်း လုပ်ငန်းကို တိုင်းဒေသကြီး ငွေလုံး ငွေရင်းခွင့်ပြုရန်ပုံငွေကျပ် ၂၄၃ ဒသမ ၃၅ သန်းဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အင်ဂျင်နီယာဝန်ထမ်းများက ယခုနှစ် ဇူလိုင်လ ဒုတိယပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ၆၅ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းများရာနှုန်းပြည့်ပြီးစီးပါက ကျေးရွာသုံးရွာရှိ အိမ်ခြေ ၄၃၄ အိမ်၊ လူ ၁၇၇၁ ဦးတို့ သွားလာရလွယ်ကူအဆင်ပြေ ချောမွေ့သွားမည်ဖြစ်ကြောင်း ငဖဲမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်ခိုင်မာသန်းထံမှသိရသည်။

ဇင်မာ


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm