Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပင်လောင်းမြို့၊ ပင်လောင်းကြီးကျေးရွာတွင် မိသားစုဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်း စတင်ဆောင်ရွက်


18 Sep,2023

ရှမ်းပြည်နယ်၊ စက်တင်ဘာလ ၁၈ ရက်

            သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်း (၇)ခု အနက်မှ ဒေသတစ်ခု ထုတ်ကုန်တစ်ခု ဆောင်ရွက်မည့်စီမံကိန်းလုပ်ငန်းကို အကောင်အထည်ဖော်မည့် ပင်လောင်းမြို့၊ ပင်လောင်းကြီးကျေးရွာတွင် လူသုံးကုန်ထုတ်လုပ်မှု လုပ်ငန်းလုပ်ကိုင်လိုသူ(၁၅)ဦးအား လူသုံးကုန်ထုတ်လုပ်မှုနည်းပညာပေးရန်အတွက် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၁:၀၀)နာရီအချိန်တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

            အဆိုပါဖွင့်ပွဲတွင် ပင်လောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒေသဦးစီးမှူးက စီမံကိန်းလုပ်ငန်းလုပ်ကိုင်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းတင်ပြခဲ့ပါသည်။ အခမ်းအနားသို့ ပင်လောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန ဒေသဦးစီးမှူးနှင့် ဝန်ထမ်းများ၊ စီမံကိန်းအကောင်အထည်ဖော်ရေးကော်မတီဝင် များ၊ ရပ်မိရပ်ဖများနှင့်လုပ်ငန်းဆောင်ရွက်မည့်သူများ စုစုပေါင်း(၅၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

            အဆိုပါကျေးရွာတွင် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာအား လုပ်ငန်းထူထောင်နိုင်သည်အထိ ကျွမ်းကျင်တတ်မြောက်အောင် သင်ကြားပေးသွားမည်ဖြစ်ပြီး အမှန်တကယ်လုပ်ငန်းထူထောင်မည့် ထူးချွန် သင်တန်းသား(၅)ဦးအား သတ်မှတ်ချက်နှင့်အညီရွေးချယ်ပြီး တစ်ဦးလျှင်ငွေကျပ်(၁၀)သိန်းနှင့်ညီမျှသော စက်ပစ္စည်းများ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm