သနပ်ပင် စက်တင်ဘာ ၁၈
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်း မိုးစပါးစိုက်ပျိုးထုတ်လုပ်ရန် အတွက် ဖြူစင်သူကုမ္ပဏီမှ တစ်ဧကလျှင် ငွေကျပ်နှစ်သိန်းနှုန်းနှင့်ညီမျှသော ပုလဲ 50 Kg နှင့် ကွန်ပေါင်း 50 Kg သွင်းအားစုဓာတ်မြေဩဇာများကို သနပ်ပင်မြို့နယ် ငါးကြီးဝင်းကျေးရွာရှိ လင်းလက်ဟိန်း စိုက်/ထွေသမဝါယမအသင်းမှ အသင်းသား ၄၅ ဦး၏ စိုက်ဧက ၁၅၃ ဧကအတွက် ငွေကျပ်သန်း ၃၀.၆၀၀ နှင့် ကမာဖရန်ကျေးရွာရှိ ဒိုင်းမွန်းစိုက်/ထွေသမဝါယမအသင်းမှ အသင်းသား ၆၉ ဦး၏ စိုက်ဧက ၃၄၇ ဧကအတွက် ငွေကျပ်သန်း ၆၉.၄၀၀ တို့ကို ဆင်းသုခစပါး စိုက်ပျိုးရန်အတွက် ဖြန့်ဖြူးပေးခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်