ကြို့ပင်ကောက် စက်တင်ဘာ ၁၅
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ သမဝါယမဦးစီးဌာနမှမြို့နယ် ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် ဥက္ကံကျေးရွာအုပ်စုတွင် ကျေးရွာစိုက်ပျိုးရေးအသင်းသားများ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးထားသော မိုးစပါးစိုက်ခင်းများသို့ ကွင်းဆင်းကြည့်ရှု့ ခဲ့ကြောင်း သိရသည်။
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆင်သုခစပါးမျိုး ၅ ဧကစိုက်ပျိုးထားရာ စပါးသက်တမ်း ၁၀၅ ရက်ရှိပြီဖြစ်ကြောင်း နောက် ၁၅ ရက်အကြာတွင် စတင်ရိတ်သိမ်းတော့မည်ဖြစ်ကြောင်း တစ်ဧကအထွက်နှုန်းအား တင်း ၁၂၀ ခန့်မှန်းထားကြောင်း ဥက္ကံကျေးရွာအုပ်စု ကျွန်းကုန်းကျေးရွာ ကျွန်းသာယာစိုက်ထွေသမအသင်းမှ အသင်းသားတောင်သူ ဦးတင်ဝင်းထံမှ သိရသည်။
ဥက္ကံကျေးရွာအုပ်စုတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တောင်သူ ၁၂ ဦးမှ ဧကပေါင်း ၅၃ ဧက စိုက်ပျိုးထားကြောင်း တစ်မြို့နယ်လုံးအတိုင်းအတာဖြင့် ကျေးရွာစိုက်ပျိုးရေးအသင်း ၇ သင်းမှ အသင်းသားတောင်သူ ၇၁ ဦး၏ လယ်ဧက ၄၀၀ တွင် မိုးစပါးမျိုးများဖြစ်သော ဆင်းသုခစပါး၊ ရတနာတိုးစပါးမျိုးတို့ကို စိုက်ပျိုးထားကြောင်း မြို့နယ်သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးသန်းဌေးထံမှ သိရသည်။
ဇေယျာထွန်း (ကြို့ပင်ကောက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်