Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုနယ်မြေနေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဇလောင်းကျေးရွာအုပ်စု၊ ဇလောင်း(တောင်)ကျေးရွာတွင် မိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်း စတင်ဆောင်ရွက်


15 Sep,2023

နေပြည်တော်၊ စက်တင်ဘာလ ၁၅ ရက်

            ပြည်ထောင်စုနယ်မြေနေပြည်တော်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနဦးစီးဌာနအနေဖြင့် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့်ကျေးလက်နေမိသားစုဝင်ငွေတိုးရေးဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်း(၇)ခု ခေတ်မီစံပြကျေးရွာများဖော်ဆောင်၍ ကျေးလက်နေပြည်သူများဝင်ငွေတိုးရေးဆောင်ရွက်မည့်စီမံကိန်း လုပ်ငန်းကို အကောင်အထည်ဖော်မည့် ဥတ္တရသီရိမြို့နယ်၊ ဇလောင်းကျေးရွာအုပ်စု၊ ဇလောင်း(တောင်)ကျေးရွာတွင် လူသုံးကုန်ထုတ်လုပ်မှုလုပ်ငန်းလုပ်ကိုင်လိုသူ (၁၀)ဦးအား လူသုံးကုန်ထုတ် လုပ်မှုနည်းပညာပေးရန်အတွက် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်း အချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ ဖွင့်ပွဲအခမ်းအနားသို့ နေပြည်တော်ကောင်စီအဖွဲ့ဝင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်ရေး ကော်မတီဝင်များနှင့် လုပ်ငန်းဆောင်ရွက်မည့်သူများတက်​ရောက်ခဲ့ပါသည်။

            အဆိုပါဖွင့်ပွဲတွင် စီမံကိန်းလုပ်ငန်းကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက နိုင်ငံတော်အစိုးရအနေနဲ့ ယခုလိုနည်းပညာသင်တန်းတွေ ဖွင့်လှစ်ပေးပြီး လိုအပ်သည့် စက်ပစ္စည်းများ အသုံးပြုခွင့်ရအောင် ဆောင်ရွက်ပေးတဲ့အတွက် ကျေးလက်ဒေသနေပြည်သူများ ကိုယ်ပိုင် လုပ်ငန်းတွေ ထူထောင်နိုင်ခြင်း၊ အလုပ်အကိုင်အခွင့် အလမ်းတွေရရှိလာခြင်း စတဲ့အကျိုးကျေးဇူးတွေရရှိ လာမှာဖြစ်တဲ့အပြင် စွန့်ဦးတီထွင် လုပ်ငန်းရှင်များပေါ်ထွန်းလာပြီး ကျေးလက်နေပြည်သူများရဲ့ လူမှုစီးပွားဘဝမြင့်တက်လာမှာဖြစ်ကြောင်း၊ နေပြည်တော်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့်ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်း ၆ ခုကို ကျေးရွာ ၉ ရွာမှာ အကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်ကြောင်းပြောကြားခဲ့ပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(နည်းပညာ)က အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်အတွင်း အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့်ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်း(၇)ခုကို တိုင်းဒေသကြီး၊ ပြည်နယ်(၁၅)ခုရှိ ကျေးရွာ(၁၅၅)ရွာမှာ အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ကျေးလက်နေပြည်သူများအနေဖြင့် စွန့်ဦးတီထွင်လုပ်ငန်းရှင်များပေါ်ထွန်းလာစေရန်၊ ကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာစေရန်၊ အလုပ်အကိုင်များ၊ အခွင့်အလမ်းများ၊ ဖန်တီးပေးခြင်းဖြင့် ခေတ်မီစံပြကျေးရွာရှိ ကျေးလက်နေပြည်သူများဝင်ငွေတိုးပွားစေရန်စသည့် ရည်ရွယ်ချက်များဖြင့်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့်လည်း နိုင်ငံတော်က အဘက်ဘက်ကပံ့ပိုးဆောင်ရွက်ပေးနေသည့်အချိန်တွင် မိမိအကျိုး၊ မိမိတို့ကျေးရွာအကျိုးကို ရှေးရှု၍ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက်ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသလောက် ဝိုင်းဝန်းဆောင်ရွက်ကြရန်နှင့် အမှန်တကယ်လုပ်ငန်း ထူထောင်နိုင်အောင် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက သင်တန်းသားများအား သင်ထောက်ကူပစ္စည်းများနှင့် သင်တန်းသုံးပစ္စည်းများအားပေးအပ်ခဲ့ပါသည်။

            အဆိုပါကျေးရွာတွင် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာအား လုပ်ငန်းထူထောင် နိုင်သည်အထိ ကျွမ်းကျင်တတ်မြောက်အောင် သင်ကြားပေးသွားမည်ဖြစ်ပြီး အမှန်တကယ်လုပ်ငန်း ထူထောင်မည့် ထူးချွန်သင်တန်းသား(၅)ဦးအား သတ်မှတ်ချက်နှင့်အညီရွေးချယ်ပြီး တစ်ဦးလျှင်ငွေကျပ်(၁၀)သိန်းနှင့်ညီမျှသောစက်ပစ္စည်းများ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm