Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြစ်သားမြို့နယ် ခတက်ကုန်းကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) လုပ်ငန်းများဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး


15 Sep,2023

မြစ်သား စက်တင်ဘာ ၁၅

                    မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ လူထုဗဟိုပြု ချဉ်းကပ်နည်းလမ်းဖြင့် ကျေးရွာသူ/သားများကိုယ်တိုင် ပါဝင်အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ခတပ်ကုန်းကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP)ဖြင့် ကျေးရွာတွင်းကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို စက်တင်ဘာ        ၁၂ ရက်နေ့ နံနက်ပိုင်းတွင် မြို့နယ်ကျေးလက်မှ ဦးစီးအရာရှိ(နည်းပညာ) ဒေါ်ခိုင်ရွှေဝင်း နှင့်စီမံကိန်း တာဝန်ခံ ဒေါ်နှင်းနှင်းနွယ် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

                   ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြစ်သားမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ဦးစီးအရာရှိ (နည်းပညာ) ဒေါ်ခိုင်ရွှေဝင်း စီမံကိန်းတာဝန်ခံ ဒေါ်နှင်းနှင်းနွယ် ခတက်ကုန်း ကျေးရွာရှိ လုပ်ငန်းကော်မတီဝင်များနှင့်အတူ ကျေးရွာတွင်း ကွန်ကရစ်လမ်းအကျယ်ပေ (၁၂ ပေ၊ထု ၆"နှင့် အရှည် ပေ ၇၀၀ ဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးကာ သတ်မှတ် ကာလ အတွင်း လုပ်ငန်းများ အချိန်မီပြီးပြတ်အောင် လုပ်ငန်းအရည်အသွေးများပြည့်မီအောင် ဆောင်ရွက်ကြ ရန်နှင့် ဦးစီးအရာရှိ(နည်းပညာ)မှ လိုအပ်သည့် နည်းပညာများ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေး ခဲ့ကြောင်းသိရသည်။

          မြစ်သားမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၃-၂၀၂၄ခုဘဏ္ဍာရေးနှစ် တွင် နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေ (၁၅.၀၀)သန်း၊ခတက်ကုန်းကျေးရွာပြည်သူထည့်ဝင်ငွေ (၃.၀၀)သန်း စုစုပေါင်း (၁၈.၀၀)ဖြင့် ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်း (၇၀၀'×၁၂'×၆") ၊ခန့်မှန်းကုန်ကျငွေ (၁၅.၀၀)သန်းနှင့် ဆိုလာစနစ်သုံး ရေသန့်စင်စက် တည်ဆောက်ခြင်းလုပ်ငန်းအား ခန့်မှန်း ကုန် ကျငွေ(၃.၀၀)သန်းတို့ဖြင့် လုပ်ငန်း(၂)၊စုစုပေါင်း ခန့်မှန်းကုန်ကျငွေ((၁၈.၀)သန်းတို့ဖြစ်ပြီး စက်တင်ဘာ လ  ဒုတိယပတ်မှစတင်၍ ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား ဆောင်ရွက်ခဲ့ရာ ယခု အခါတွင် လုပ်ငန်းများ ၇၅ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါ လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပါက ခတက်ကုန်းကျေးရွာရှိ အိမ်ခြေ(၁၉၇)၊လူဦးရေ(၈၆၃)ဦးမှာ ရာသီမရွေး သွားလာနိုင် မည်ဖြစ် ကြောင်း မြစ်သားမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ (နည်းပညာ) ဒေါ်ခိုင်ရွှေဝင်း ပြောပြ၍ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm