Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးရွာတွင်းလမ်း ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး


15 Sep,2023

စဉ့်ကိုင်  စက်တင်ဘာ ၁၅

          မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိင်၊ စဉ့်ကိုင်မြို့နယ် ဧည့်ပြကျေးရွာအုပ်စု၊ ဧည့်ပြကျေးရွာတွင် ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ရန်ပုံငွေဖြင့် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား စက်တင်ဘာလ(၁၄) ရက်နေ့က ကွင်းဆင်းစစ်ဆေးခဲ့သည်။

          ကွင်းဆင်းစစ်ဆေးရာတွင် စဉ့်ကိုင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မီမီအောင်နှင့် ဝန်ထမ်းများက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း       (VDP)ရန်ပုံငွေနှင့် ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်လျက်ရှိသည့် ဧည့်ပြကျေးရွာအုပ်စု၊ ဧည့်ပြကျေးရွာတွင် လမ်းအရှည်ပေ (၇၆၀' x ၁၂' x ၆'') ဖြင့် ခင်းကျင်း ဆောင်ရွက်နေမှုမှာ (၇၉% ) ပြီးစီးနေပြီဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါသည်။

          အဆိုပါ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းပြီးစီးသွားပါက ကျေးရွာနေပြည်သူများ အလွယ်တကူ သွားလာနိုင်သည့်အပြင် ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်သွားမည်ဖြစ်ပြီး ကျေးရွာသူ/သားများ စုပေါင်းဆောင်ရွက်သည့်အတွက် စည်းလုံးညီညွတ်မှု ရှိလာခြင်း၊ ကျေးရွာသူ/သားများ ကိုယ်တိုင် စီမံဆောင်ရွက်ရသည့်အတွက် စီမံခန့်ခွဲဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာနိုင်ပြီဖြစ်ပါကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်ခင်မီမီအောင် ပြောပြ၍ သိရပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm