Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အောင်လံမြို့နယ် မိုးကောင်းခေတ်မီစံပြကျေးရွာ၌ စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုအသိပညာပေးဆွေးနွေးပွဲပြုလုပ်


18 Sep,2023

အောင်လံ     စက်တင်ဘာ     ၁၈

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သဘာဝပတ်ဝန်းကျင် ထိခိုက်မှုလျော့နည်းကာ ကျေးရွာများ သန့်ရှင်းသာယာလှပပြီး ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော ခေတ်မီစံပြကျေးရွာများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ အောင်လံခရိုင်၊ အောင်လံမြို့နယ်၊ မိုးကောင်းကျေးရွာအုပ်စု၊ မိုးကောင်းခေတ်မီစံပြကျေးရွာ၌ စွန့်ပစ်အမှိုက် စီမံခန့်ခွဲအသိပညာပေးဆွေးနွေးခြင်းနှင့် အမှိုက်ကင်းစင်ရေးလုပ်ငန်းများကို တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပထမဦးစွာ အောင်လံခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်အေးက မိုးကောင်းခေတ်မီစံပြကျေးရွာ စွန့်ပစ်အမှိုက် စီမံခန့်ခွဲမှု ကော်မတီဝင်များ၊ ကျေးရွာသူကျေးရွာသားများနှင့်တွေ့ဆုံ၍ ခေတ်မီစံပြကျေးရွာများ ဖြစ်ပေါ်လာစေရေး လိုက်နာကျင့်သုံးရန်အချက်များ၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို ကာကွယ်နိုင်ရန်အတွက် ပလပ်စတစ်ပစ္စည်းအသုံးပြုမှုလျှော့ချရေးလုပ်ငန်းစဥ်များနှင့် ကျေးရွာပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် အပတ်စဥ် စနေနေ့တိုင်း စုပေါင်းအမှိုက်သိမ်းစနစ်ကို ပုံမှန်ဆောင်ရွက်ရန်ဆွေးနွေးမှာကြားသည်။

ထို့နောက် အောင်လံခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်အေးနှင့် အောင်လံမြို့နယ်မှ ဝန်ထမ်းများသည် မိုးကောင်းခေတ်မီစံပြကျေးရွာ စွန့်ပစ်အမှိုက် စီမံခန့်ခွဲမှု ကော်မတီဝင်များ၊ ကျေးရွာသူကျေးရွာသားများနှင့်အတူ ကျေးရွာပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းအမှိုက်သိမ်းစနစ်ကို အနီးကပ်ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း အောင်လံခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm