Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မင်းဘူးမြို့နယ် အင်ပင်လှကျေးရွာကုန်ထုတ်လမ်း ဆောင်ရွက်ပြီးစီးမှုအား ကွင်းဆင်းစစ်ဆေး


18 Sep,2023

မင်းဘူး စက်တင်ဘာ ၁၈

          မကွေးတိုင်းဒေကြီး မင်းဘူးခရိုင် မင်းဘူးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးလက်နေပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားစီးပွားရေး လုပ်ငန်း များ၏ ထုတ်ကုန်၊ ထွက်ကုန်များ ရာသီမရွေးဈေးကွက်သို့ အလွယ်တကူ သယ်ယူပို့ဆောင်နိုင်ရန် ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုပြင်ဆင်ထိန်းသိမ်းရေးရန်ပုံငွေ ၅ ဒဿမ ၂၄ သန်းဖြင့် ဆောင်ရွက်သည့် အင်ပင်လှကျေးရွာကုန်ထုတ်လမ်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို  စက်တင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။           

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မင်းဘူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကိုကိုနှင့် မြို့နယ်တာဝန်ခံအင်ဂျင်နီယာများက ကျေးရွာ ကော်မတီဝင်များနှင့်အတူ အင်ပင်လှကျေးရွာ ကုန်ထုတ်လမ်းဖောက်လုပ်ဆောင်ရွက် ပြီးစီးမှု အခြေအနေများကို  ကွင်းဆင်းစစ်ဆေးပြီး မင်းဘူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက် ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကိုကိုက ဆောင်ရွက်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများကို ရေရှည်တည်တံ့ခိုင်မြဲအောင် ဝိုင်းဝန်းထိမ်းသိန်းဆောင်ရွက်ကြရန်မှာကြားခဲ့ပြီး ကျေးရွာ၏ တင်ပြချက် များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

          ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာနှစ်၌ မင်းဘူးမြို့နယ် အင်ပင်လှ ကျေးရွာတွင် အရှည် ၆၂၉ ပေ၊ အကျယ် ၁၂ ပေ၊ အမြင့် တစ်ပေ ကိုးလက်မရှိ ကျောက်ရောမြေ တစ်ပေထု  ရေဖြန်းစက်ကြိတ် ပြီး၍ မြေနီကျောက်စရစ် ကိုးလက်မထု ဖြန့်ခင်းခြင်း လုပ်ငန်းများကို ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ယခုနှစ် ဩဂုတ်လ ၈ ရက်နေ့မှ စတင် ဆောင်ရွက်ခဲ့ရာ ယခုအခါတွင် လုပ်ငန်းများအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း မင်းဘူးမြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကိုကို ထံမှ သိရသည်။   


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm