Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းအား ကြည့်ရှုစစ်ဆေး


16 Sep,2023

နေပြည်တော် စက်တင်ဘာ ၁၅

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနရုံးတွင် ဝန်ကြီးဌာနအောက် ဦးစီးဌာန (၄) ခုမှ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဝန်ထမ်းများနှင့်တွေ့ဆုံကာ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေသော စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်းများတွင် သမဝါယမအသင်းများ ဖွဲ့စည်းဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းပြောကြားပြီး မိမိတို့ဝန်ကြီးဌာန၏ မူဝါဒ၊ လုပ်ငန်းစဉ်များ  အောင်မြင်အောင် အကောင် အထည်ဖော် ဆောင်ရွက်ကြရန်၊ ဝန်ထမ်းသက်သာချောင်ချိရေးကို အ‌လေးထား ဆောင်ရွက်ပေးပြီး ခွင့်မဲ့ပျက်ကွက်၊ နှုတ်ထွက် ပြုန်းတီအင်အားများ မဖြစ်ပေါ်စေရေး ဝိုင်းဝန်းကြပ်မတ် ဆောင်ရွက် ကြရန်၊ ဝန်ထမ်းများအားလုံး မိမိတို့ဘဝတိုးတက်ရေးအတွက် အစဉ်တစိုက် ကြိုးစားဆောင်ရွက် ကြရန် တိုက်တွန်းမှာကြားသည်။ ဆက်လက်ပြီး တာဝန်ရှိသူများက သက်ဆိုင်ရာ ဦးစီးဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများအပေါ် လိုအပ်သည်များ ဖြည့်စွက်ရှင်းလင်း‌ ဆွေးနွေးကြသည်။ ယင်းနောက် ဒုတိယဝန်ကြီးက ဝန်ထမ်းများ၏ လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များ တင်ပြမှုအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၏ ရွှေတောင်မြို့ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းသို့ သွားရောက်ပြီး သင်တန်းသား၊ သင်တန်းသူများ၊ သင်တန်းနည်းပြများနှင့် တွေ့ဆုံခဲ့ရာ ကျောင်းအုပ်ဆရာမကြီးက လုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြသည်။ ထို့နောက် ဒုတိယဝန်ကြီးက သင်တန်းနည်းပြ များအနေဖြင့် ငှက်ပျောကဲ့သို့ ဒေသထွက်ကုန်အခြေခံ ချည်ထည်ထုတ်လုပ်ခြင်းလုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်ကြရန်၊ လက်ရက်ကန်း (၆) လသင်တန်းနှင့် အထည်အလိပ် (၁) နှစ် သင်တန်း တက်ရောက်နေသော သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ဆောင်းဒါး ရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံသို့ ပေါင်းကူးတက်ရောက်နိုင်ရေး ကြိုးစားလေ့လာသင်ယူကြရန် တိုက်တွန်း မှာကြားသည်။ ဆက်လက်ပြီး ဒုတိယဝန်ကြီးသည် သင်တန်းသားသင်တန်းသူများ၏ စက်ရက်ကန်း၊ လက်ရက်ကန်း လက်တွေ့သင်ယူနေမှု၊ သင်တန်းသားစားရိပ်သာ၊ သင်တန်းသားသင်တန်းသူ အိပ်ဆောင်များနှင့် လက်မှုထည်ပြခန်းတို့အား ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းလိုအပ်ချက်များအပေါ် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ဇီးကုန်းမြို့နယ် သမဝါယမအသင်းစု၏ ဆီစက်လုပ်ငန်းနှင့် စပါးအခြောက်ခံလုပ်ငန်း ဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေးပြီး  အသင်းအမှုဆောင်များ၏ လုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြမှုအပေါ် ဒုတိယဝန်ကြီးက မြေပဲနှင့်နှမ်း ကုန်ကြမ်းများ စဉ်ဆက်မပြတ် ရရှိရေး၊ စွမ်းအားပြည့် ကြိတ်ခွဲနိုင်ရေး၊ ထွက်ရှိလာသောဆီများအား ဒေသခံပြည်သူ များသို့ ဈေးနှုန်းချိုသာစွာ ရောင်းချနိုင်ရေး ဆောင်ရွက်ကြရန် မှာကြားပြီး လုပ်ငန်းလိုအပ်ချက်များ အား ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm