Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မလှိုင်မြို့နယ် ပျူကန်ကျေးရွာ၌ ဂျင်းလမ်းဆောင်ရွက်ခြင်းအား ကွင်းဆင်းခြင်း


15 Sep,2023

မလှိုင် စက်တင်ဘာ ၁၅

          မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက  ၂၀၂၃−၂၀၂၄ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်လျက်ရှိသည့် ရုံးတောကျေးရွာအုပ်စု၊ ပျူကန်ကျေးရွာ၌  ဂျင်းလမ်းခင်းခြင်းလုပ်ငန်းအား ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မလှိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စုစုနှင့် ဝန်ထမ်းများက ရုံးတောကျေးရွာအုပ်စု၊ ပျူကန်ကျေးရွာ၌  လမ်းအရှည်ပေ(၇၀၀၀’)၊ (၆”)ထု၊ အကျယ်(၁၂’)ဂျင်းလမ်းခင်းခြင်းနှင့် ဆိုလာရေသန့်စင်စက် တပ်ဆင်ခြင်းလုပ်ငန်းအတွက် ကုန်ကျငွေ(၂၄.၇၉)ကျပ်သန်း ဆောင်ရွက်နေမှုအခြေ အနေများအား ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များနှင့် တွေ့ဆုံကာ ဂျင်းလမ်း ခင်းခြင်းလုပ်ငန်းနှင့် ပတ်သက်၍ဆွေးနွေးပြောကြားခဲ့ပါသည်။

     ပျူကန်ကျေးရွာ၌ ဂျင်းလမ်းခင်းခြင်းနှင့် ဆိုလာရေသန့်စင်စက် တပ်ဆင်ခြင်းလုပ်ငန်းအတွက် ကုန်ကျငွေ(၂၄.၇၉)ကျပ်သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်ပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm