Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဝါးအခြေခံလက်မှုထည်ထုတ်လုပ်မှုနည်းပညာ(TOT)သင်တန်းဖွင့်ပွဲကျင်းပ


03 Jun,2022

နေပြည်တော်၊ ဇွန် ၂

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန(ရုံးချုပ်)၊ လက်မှုဖွံ့ဖြိုးရေးဌာနခွဲမှ ကြီးမှူးဖွင့်လှစ်သော ဝါးအခြေခံလက်မှုထည်ထုတ်လုပ်မှုနည်းပညာကျွမ်းကျင်သူ နည်းပြများဖြစ်ပေါ်လာစေရေး(TOT)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခွဲတွင် အဆိုပါ ဦးစီးဌာနရှိ Incubation Centre ၌ ကျင်းပသည်။

အခမ်းအနားသို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းတိုး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(နည်းပညာ)၊ ဌာနခွဲများမှ ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသိန်းတိုးက အဖွင့်အမှာစကား ပြောကြားရာ မိမိတို့ဌာနသည် အသေးစားစက်မှုလက်မှုလုပ်ငန်းများ ပေါ်ထွန်းလာစေရန် အသက်မွေး ဝမ်းကျောင်းပညာများကို လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် အရည် အချင်းပြည့်ဝသည့် နည်းပြများ တိုးတက်ပေါ်ထွက်လာစေရေးအတွက် ယခုလို Training Of Trainer(TOT) သင်တန်းများ ဖွင့်လှစ်ပို့ချနေခြင်းဖြစ်ကြောင်း၊ နိုင်ငံအတွင်း ပေါများစွာပေါက်ရောက်နေသော ဝါးသယံဇာ တများကို အသုံးပြု၍ အသုံးအဆောင်လက်မှုထည်ပစ္စည်းများ ထုတ်လုပ်နိုင်ရန်အတွက် သင်ကြားပေးမည့် ဝါးအခြေခံလက်မှုထည်ထုတ်လုပ်မှုနည်းပညာသင်တန်းသည် မိမိတို့တာဝန်ကျရာဒေသများအတွက် အလွန်အကျိုးရှိစွာ အသုံးပြုနိုင်သည့် ပညာရပ်ဖြစ်ကြောင်း၊ သင်တန်းတွင် ပို့ချပေးသည့် ပညာရပ်များကို အလေးထား သင်ယူလေ့လာ ကြစေလိုကြောင်း၊ ဒေသအသီးသီးသို့ ပြန်ရောက်သည့်အချိန်တွင်လည်း ဝါးလက်မှုထည်နည်းပညာများကို ထပ်ဆင့်ဖြန့်ဝေနိုင်ရေး ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ယခုသင်တန်း၌ သင်ကြားပို့ချမည့်ဘာသာရပ်များထဲတွင် ဝါးတာရှည်ခံနည်းပညာများသင်ကြားပေး ခြင်း၊ ဆေးရောင်ဆိုးခြင်း၊ ဒီဇိုင်းပုံဖော်ရက်လုပ်ခြင်း၊ လူသုံး၊ အိမ်သုံးကုန်ပစ္စည်များပြုလုပ်ခြင်း၊ ဝါးအခြေခံလက်မှုထည်များကို အချောသပ်ခြင်းနှင့် အရောင်တင်ခြင်း စသည့် ဘာသာရပ်များကိုလည်း စာတွေ့၊ လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm