Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြင်းခြံခရိုင်အတွင်းရှိ မြို့နယ်များ၌ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဖြင့်ကျေးရွာ(၂၁)ရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်မည်


15 Sep,2023

မြင်းခြံခရိုင် စက်တင်ဘာလ ၁၅ ရက်

          ၂၀၂၃-၂၀၂၄ခုဘဏ္ဍာရေးနှစ်၊ မြင်းခြံခရိုင် ကွပ်ကဲမှုအောက်ရှိ မြို့နယ်များတွင်ကျေးရွာဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းစီမံကိန်း ရင်းနှီးမြှပ်နှံမှု အစီအစဉ်အရ အကောင်အထည်ဖော် ဆောင်ရွက်မည့် တောင်သာမြို့နယ် (၁၀)ရွာ၊ နွားထိုးကြီးမြို့နယ် (၆)ရွာ၊ မြင်းခြံမြို့နယ် (၅)ရွာအား ဖွံ့ဖြိုးရေးလုပ်ငန်း ကျေးရွာ(၂၁)ရွာ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရပါသည်။

အဆိုပါစီမံကိန်းအား သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ ကျေးရွာတစ်ရွာလျှင် ရန်ပုံငွေ(၁၅)သန်းနှင့် ကျေးရွာထည့်ဝင်ငွေများဖြင့် ယခုဘဏ္ဍာရေး နှစ်အတွင်း ဆောင်ရွက်မည်ဖြစ် ကြောင်းသိရှိရသည်။

၎င်းကျေးရွာများမှလည်း မိမိတို့ကျေးရွာများတွင် အစည်းအဝေးများပြုလုပ်ပြီး ကျေးရွာများတွင်လိုအပ်နေသော ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း (၁၈)ခု ရေပေးရေးလုပ်ငန်း(၇)ခု၊ အခြားလုပ်ငန်း(၂)ခု၊ စုစုပေါင်းလုပ်ငန်း(၂၇)ခုအား ဆောင်ရွက်မည် ဖြစ် ကြောင်းသိရှိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်