Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပုသိမ်ကြီးမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ခြင်း


15 Sep,2023

ပုသိမ်ကြီး စက်တင်ဘာလ ၁၅ 

ပုသိမ်ကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေးနှစ်     တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ကျေးရွာ(၇)ရွာ   အား ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီက အဆိုပါဦးစီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရပါသည်။ 

အဆိုပါအခမ်းအနားတွင် ဌာနဆိုင်ရာအကြီးအကဲများ၊အဖွဲ့ရုံးဝန်ထမ်းများ၊သက်ဆိုင်ရာကျေးရွာ  ကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။ဦးစွာမြို့နယ်ဦးစီးမှူးဦးစန်းယုလှိုင်က ရန်ပုံငွေလွှဲပြောင်းပေး  အပ်ရခြင်းရည်ရွယ်ချက်နှင့် စီမံကိန်းလုပ်ငန်းစဉ်များ၊မူဝါဒများ၊စီမံကိန်းလုပ်ငန်းများ အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ကျေးရွာသူရွာသားများအနေဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

 ထို့နောက် တက်ရောက်လာကြသော ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းကော်မတီဝင် များက သိရှိလိုသည်များ တင်ပြဆွေးနွေးခဲ့ပြီး သက်ဆိုင်ရာဝန်ထမ်းများက ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး မြို့နယ်ဦးစီးမှူးဦးစန်းယုလှိုင်နှင့်မြို့နယ်အဆင့်တာဝန်ရှိသူတို့က ကျေးရွာဖွံ့ဖြိုးတိုးတက်  ရေးလုပ်ငန်းစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာကော်မတီဝင်များထံသို့ ရန်ပုံငွေများ   လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm