Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရမည်းသင်းမြို့နယ်၌ အသက်မွေး ဝမ်းကျောင်းအထောက်အကူပြု သံဂဟေဆက်သင်တန်းဖွင့်လှစ်


15 Sep,2023

 ရမည်းသင်း စက်တင်ဘာ ၁၅ ရက်

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက် နေပြည်သူများပြည်သူများ အသက်မွေးဝမ်းကျောင်းအထောက်အကူပြုစေရန်နှင့်အလုပ်အကိုင်အခွင့်လမ်း များရရှိစေရန် ရည်ရွယ်၍ သံဂဟေဆက်သင်တန်းဖွင့်ပွဲကို ယနေ့နံနက်၁၀နာရီအချိန်က အဆိုပါဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ရမည်းသင်းခရိုင်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှုး ဒေါ်သီတာခိုင်က အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်၍ ရမည်းသင်းမြို့နယ်ကျေးလက်  ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်ဆန်းကအသက်မွေးဝမ်းကျောင်းအထောက်အကူပြု သံဂဟေဆက်သင် တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်များ

နှင့် ရရှိလာမည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် သင်တန်းနည်းပြဆရာများက သင်တန်းတက်ရောက်ရာတွင် လိုက်နာရမည့် စည်းကမ်းများ၊ သင်တန်း၌ သင်ကြားပို့ချမည့်ဘာသာရပ်များကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသော လက်ထောက်ညွှန်ကြားရေးမှုး ဒေါ်သီတာခိုင်နှင့်တာဝန်ရှိသူများက သင်ထောက်ကူပစ္စည်းများကို သင်တန်းသားများထံသို့ လွှဲပြောင်းပေးအပ်သည်။ 

အဆိုပါ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သံဂဟေဆက်သင်တန်းသို့ ရမည်းသင်းမြို့နယ်အတွင်းရှိကျေးရွာများမှ သင်တန်းသား ၁၅ ဦးတက်ရောက်ကြပြီး သင်တန်းတွင် သံဂဟေဆက်နည်းအမျိုးမျိုးကို ကျွမ်းကျင်နည်းပြဆရာများက စာတွေ့၊လက်တွေ့ နှစ်မျိုးဖြင့် စက်တင်ဘာလ ၁၂ ရက်မှ ၂၆ ရက်ထိ (၁၅)ကြာ အခမဲ့သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း ရမည်းသင်းမြို့နယ်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်ဆန်းက ပြောပြ၍ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm