Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပျော်ဘွယ်မြို့နယ် ရွာသစ်(ကြီး)ကျေးရွာအား မြစိမ်းရောင်ရန်ပုံငွေ သိန်း(၃၀၀)လွှဲပြောင်းပေးအပ်ခြင်းနှင့် ရန်ပုံငွေထုတ်ချေးခြင်း


15 Sep,2023

ပျော်ဘွယ်    စက်တင်ဘာ ၁၅

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် စတင်အကောင်အထည်ဖော်‌ဆောင်ရွက်လျက်ရှိသည့် ရွာသစ်(ကြီး)ကျေးရွာမြစိမ်းရောင် အရင်းမပျောက် လည်ပတ်ရန်ပုံငွေ လွှဲပြောင်းပေးအပ်ခြင်းအား ပျော်ဘွယ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ယနေ့နံနက်ပိုင်းက ကျင်ပပြုလုပ်ကြောင်း နှင့် ရန်ပုံငွေထုတ်ချေးခြင်းအား  အဆိုပါကျေးရွာ၊ ကျေးရွာလုပ်ငန်းအဖွဲ့ ဥက္ကဌ၏ နေအိမ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပျော်ဘွယ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအေးမင်းနိုင်က မြစိမ်း‌ရောင် ကျေးရွာစီမံကိန်းဖြင့်  ကျေးလက်နေပြည်သူများဆင်းရဲမှုလျော့ချစေရန်နှင့် တစ်နိုင်တစ်ပိုင်စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ နှင့် အခြားမိသားစုဝင်ငွေတိုးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ထုတ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြော ကြားသည်။

ဆက်လက်၍ စီမံကိန်းဝန်ထမ်းများက စီမံကိန်းအကြောင်းအရာများ၊ အတိုးနှုန်းနှင့် ကာလသတ်မှတ်ချက်များ၊ ‌ချေးငွေထုတ်ချေး ရာတွင် လိုက်နာရမည့်စည်းကမ်းသတ်မှတ်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်ဦးစီးမှူးဦးအေးမင်းနိုင်က မြစိမ်းရောင် ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များထံ စီမံကိန်းရန်ပုံငွေကျပ်သန်း (၃၀.၀၀၀၀၀၀) သန်းလွှဲပြောင်းပေ းအပ်ခဲ့ကြောင်း သိရ သည်။

ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက ရွာသစ်(ကြီး)ကျေးရွာရှိ စိုက်ပျိုး‌ရေးလုပ်ငန်းလုပ်ကိုင်သူ ဦးရေ (၄၅)ဦး၊ မွေးမြူရေးလုပ်ကိုင်သူ ဦးရေ(၅)ဦး၊ အရောင်းအဝယ်လုပ်ကိုင်သူ(၁၀)ဦး အားမြစိမ်းရောင်ကျေးရွာ စီမံကိန်း ရန်ပုံငွေကျပ် (၃၀.၀၀၀၀၀၀) သန်း ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm