Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ငါန်းဇွန်မြို့နယ် ရွာသစ်ကျေးရွာ ၌စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများဆောင်ရွက်နေမှုကွင်းဆင်းစစ်ဆေး


15 Sep,2023

ငါန်းဇွန် စက်တင်ဘာ   

                   မန္တလေးတိုင်းဒေသကြီး၊တံတားဦးခရိုင်၊ ငါန်းဇွန်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက် ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ သောက်သုံးရေဖူလုံစွာရရှိရေးအတွက် ရွာသစ်ကျေးအုပ်စု၊ ရွာသစ်ကျေးရွာ၌ စက်ရေတွင်းတူးဖော်ခြင်းနှင့်ဆက်စပ်လုပ်ငန်း ဆောင်ရွက်နေမှုများကိုယ​နေ့နံနက် ပိုင်းကတာဝန်ရှိသူများကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

                   ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ငါန်းဇွန်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ မြို့နယ်ဦးစီးမှူး ဦးမိုအောင်နှင့် မြို့နယ်တာဝန်ခံအင်ဂျင်နီယာများနှင့် ရွာသစ် ကျေးရွာရှိ ကျေးရွာ ရေကော်မတီဝင် များနှင့်အတူ အကျယ်၄လက်မ၊အနက်ပေ၅၀၀ စက်ရေတွင်းတူး ဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ သတ်မှတ်ကာလအတွင်း လုပ်ငန်းများ အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြရန်နှင့်မြို့နယ်ဦးစီးမှူးမှ လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

          ငါန်းဇွန်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်းခွင့်ပြု ရန်ပုံငွေ၃၅ဒသမ၆၆၈သန်းဖြင့် ရွာသစ်ကျေးရွာ၌ အကျယ်လေးလက်မ၊ အနက် ပေ၅၀၀စက်ရေတွင်းတူးဖော်ခြင်းဂါလန်၂၄၀၀ဆံ့ စင်မြင့်ရေစင်တည်ဆောက်ခြင်း၊ အလျား၅ပေ၊ အနံ၅ပေ၊ အမြင့်၇ပေ ရေစက်ရုံတည်ဆောက်ခြင်းလုပ်ငန်းများကို မြစ်ဧရာကုမ္ပဏီမှတာဝန်ယူ၍ ဇွန်လ စတုတ္ထအပတ်မှ စတင်ဆောင်ရွက်ခဲ့ရာယခုအခါတွင် လုပ်ငန်းများ ၆၅ရာခိုင်နှုန်းခန့်ပြီးစီး နေပြီး ဖြစ်ကြောင်း အဆိုပါလုပ်ငန်းများရာနှုန်းပြည့်ပြီးစီးပါက ရွာသစ် ကျေးရွာရှိ အိမ်ခြေ(၁၁၇) အိမ်၊လူဦး​ရေ(၄၃၈) ဦးရေသန့်ရှင်းသောသောက်သုံးရေဖူလုံစွာရရှိမည်ဖြစ်ကြောင်း ငါန်းဇွန်မြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမိုးအောင် ပြောပြ၍သိရသည်။

 

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm