Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တန့်ယန်းမြို့နယ် နောင်ခမ်းကျေးရွာ၌ စိမ့်စမ်းရေသွယ်ယူခြင်းလုပ်ငန်း ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး


15 Sep,2023

တန့်ယန်း စက်တင်ဘာ ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တန့်ယန်းမြို့နယ်၊ နောင်ခမ်းကျေးရွာ၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်ရေရရှိရေး စိမ့်စမ်းရေသွယ်ယူခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် တန့်ယန်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင်အောင်လွင်၊ တန့်ယန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်တာဝန်ခံအင်ဂျင်နီယာဝန်ထမ်းများက ကျေးရွာရေပေးရေးကော်မတီဝင်များနှင့်အတူ နောင်ခမ်းကျေးရွာတွင် သောက်သုံးရေရရှိရေး စိမ့်စမ်းရေ သွယ်ယူခြင်းနှင့် ဆက်စပ်လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားပါသည်။

အဆိုပါ နောင်ခမ်းကျေးရွာ သောက်သုံးရေရရှိရေးအတွက် အရှည် တစ်မိုင် လေးဖာလုံ စိမ့်စမ်းရေသွယ်ယူခြင်း၊ ဂါလန် ၅၀၀၀ ဆံ့အုတ်ရေကန်တည်ဆောက်ခြင်း၊ ခွင့်ပြုရန်ပုံ ငွေကျပ် ၃၄ ဒသမ ၇၅၅ သန်းဖြင့် Golden Dream Pioneer ကုမ္ပဏီ တာဝန်ယူ အကောင်အထည်ဖော်ဆောင်ရွက် ခဲ့ကြောင်း ယခုအခါ ရာနှုန်းပြည့် ‌ဆောင်ရွက်ပြီးစီး နေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျေးလက်ရေရရှိရေးလုပ်ငန်းဆောင်ရွက်နိုင်မှုကြောင့် ကျေးရွာနေပြည်သူများနှင့် ကျွဲ၊နွား တိရစ္ဆာန်တို့အတွက် ရာသီမရွေး သောက်သုံးရေ အခက်အခဲများ အဆင်ပြေ သွားမှာ ဖြစ်ကြောင်း တန့်ယန်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင်အောင်လွင်ထံမှ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm